ဗြိတိန်ဘုရင်မကြီးရဲ့ မြေးတော် မင်းသမီး ယူဂျီနီက ဝိုင်ကုန်သည်နဲ့ ထိမ်းမြားမင်္ဂလာဆောင်

.

လန်ဒန်၊ အောက်တိုဘာ ၁၂ ။        ။ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်-၂ ရဲ့ မြေတော်သူ မင်းသမီး ယူဂျီနီဟာ ဝိုင်ကုန်သည်တစ်ဦးနဲ့ ဝင်ဆာနန်းတော်မှာ အောက်တိုဘာ ၁၂ ရက်က ထိမ်းမြားလက်ထပ် မင်္ဂလာဆောင်ခဲ့ပါတယ်။

ခုလို တော်ဝင်မင်းသမီး ယူဂျီနီရဲ့ ထိမ်းမြားမင်္ဂလာဟာ တော်ဝင်အသိုင်းအဝန်းရဲ့ မင်္ဂဆောင်တွေရဲ့ ကုန်ကျစရိတ်ကို ပြောဆိုဝေဖန်တာတွေ ရှိနေချိန်၊ ခမ်းနားထည်ဝါပြီး လူတိုင်းစိတ်ဝင်တစားရှိခဲ့တဲ့ အတိတ်က တော်ဝင်မင်္ဂလာဆောင်တွေမျိုး ပြည်သူတို့ စိတ်နှလုံးကို ပြန်လည်ဖမ်းစားနိုင်ရေးအတွက်လည်း ကြိုးပမ်းမှု တစ်ရပ်အနေနဲ့ ရှိနေခဲ့ပါတယ်။

ထီးနန်းဆက်ခံခွင့် ကိုးဆက်မြောက် မင်းသမီးနဲ့ မဟာဆီမဟာသွေး အသိုင်းအဝန်းနဲ့ ရင်းနှီးတဲ့ သာမန်အရပ်သား ဂျက်ဘရွတ်ဘန့်တို့ရဲ့ ခုမင်္ဂလာဆောင်ဟာ မေလအတွင်းက တော်ဝင်မင်းသား ဟယ်ရီနဲ့ ဟောလီးဝုဒ်သရုပ်ဆောင် မင်းသမီး မီဂန်မာကဲလ်တို့ရဲ့ တော်ဝင်မင်္ဂလာအပြီး နောက်ထပ်တော်ဝင်ထိမ်းမြားမင်္ဂလာတစ်ရပ်ပဲ ဖြစ်ပါတယ်။

မင်းသမီး ယူဂျီနီရဲ့ ခုမင်္ဂလာသတင်းဟာလည်း သတင်းစာတွေရဲ့ ခေါင်းကြီးသတင်းတွေဖြစ်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ပြည်သူပရိတ်သတ် များပြားခဲ့ပါတယ်။

ဒါပေမယ့် သတင်းစာတွေက အခွန်ထမ်းပြည်သူတွေရဲ့ အသပြာငွေကြေး ပေါင် နှစ်သန်းကို အကုန်အကျခံတဲ့ ထိမ်းမြားမင်္ဂလာအဖြစ် ဝေဖန်ရေးသားနေခဲ့တာလည်း ဖြစ်ပါတယ်။