ကိုလံဘီယာမှာ ရွံ့နွံပြိုကျမှုကြောင့် လူ ၁၁ ဦး သေဆုံး

.

ဘိုဂိုတာ၊ အောက်တိုဘာ ၁၂ ။         ။ ကိုလံဘီယာနိုင်ငံ မာကီတာလီယာမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရွံ့နွံပြိုကျမှု ဖြစ်ခဲ့ရာမှာ လူ ၁၁ ဦး သေဆုံးကြောင်း အောက်တိုဘာ ၁၁ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။

“ကံဆိုးပါတယ်။ သေဆုံးသူဟာ ၁၁ ဦးအထိ ရှိခဲ့တယ်။”လို့ မြို့တော်ဝန် ကားလို့စ်ဘတ်တန်ကော့က အီးပီအေသတင်းဌာနကို ပြောပြီး သေဆုံးသူတွေမှာ ကလေးတွေလည်း ပါခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။

ပျောက်ဆုံးသူကတော့ အနည်းဆုံး တစ်ဦးရှိပေမယ့် မရေတွက်၊ အတည်မပြုရသေးတဲ့သူတွေ တော်တော်များများ ရှိနေတာကြောင့် ပျောက်ဆုံးသူ ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။

ရွံ့နွံပြိုကျမှုဟာ မာကီတာလီယာရဲ့ အနီးဝန်းကျင်က အန်ဒီစ်အရပ်မှာ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

“ပထမသတင်းအစီရင်ခံစာတွေမှာတော့ အိမ်ခုနစ်လုံး ပျက်စီးတယ်လို့ သိရတယ်။ ဒီ အိမ်တွေထဲက လူပေါင်း ၂၈ ဦးကို ကျွန်တော်တို့ ကယ်ဆယ်ခဲ့ရတယ်။”လို့ အရေးပေါ်ဌာန ပူးပေါင်းညှိနှိုင်းရေးမှူးက သတင်းဌာနကို ပြောပါတယ်။

မာကီတာလီယာနဲ့ အိမ်နီးချင်း မန်ဇန်နာရီမြို့တွေက မီးသတ်သမားတွေဟာ ဖြစ်ပွားရာအရပ်ဆီ ရောက်ရှိလာပြီး ကယ်ဆယ်ရှာဖွေရေုးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

Tags: