အမျိုးသမီး ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ မိုရီဆာကီဝင်းရဲ့ Win's Shooow Time စတင်မိတ်ဆက်

.

ရန်ကုန် ။ အောက်တိုဘာ ၁၂ ။            ။ ပြည်တွင်းက အမျိုးသမီးလူငယ်ပရိသတ်တွေကြားမှာ အ၀င်းလို့ ချစ်စနိုးခေါ်ဝေါ်နေကြတဲ့ ဂျပန်-မြန်မာ သရုပ်ဆောင်၊ အဆိုတော် မိုရီဆာကီဝင်း အထူးပါဝင်တင်ဆက်ထားတဲ့ Win's Shooow Time အစီအစဉ်ကို စတင်မိတ်ဆက် လိုက်ပါတယ်။

ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့က မိုရီဆာကီဝင်း ကိုယ်တိုင် လာရောက် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအစဉ်မှာ Talk Show တွေ၊ ရယ်စရာဟာသတွေ၊ သီချင်း တွေ၊ ဥာဏ်စမ်းပဟေဠိတွေနဲ့ ခရီးသွားအစီအစဉ်တွေလည်း ရသမျိုးစုံပါဝင်မှာ ဖြစ်ပါတယ်။ ဒီအစီ အစဉ်ကို ရိုက်ကူး ရင်းနဲ့ ဟာသသရုပ်ဆောင် အရိုင်းက မြန်မာစကားအသစ်တွေ သင်ပေးခဲ့တယ်လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

" Win's Shooow Time ဆိုတာက ဟိုဟာတွေလည်းပါမယ်။ ဒီဟာတွေလည်းပါမယ်။ ဟာသတွေ လည်းပါမယ်။ အကတွေလည်း ပါမယ်။ သီချင်းတွေလည်းပါမယ်။ အများကြီး၊ အများကြီးပဲ အစီအစဉ် တွေပါမယ့် ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ရိုက်ကူးရင်း ဦးအရိုင်းက မြန်မာစကားအသစ်တွေ သင်ပေးတယ်။ ဦးအရိုင်းက ဟာသပြောတာ အများကြီးဗဟုသုတရခဲ့တယ်ဆိုတော့ တဖြည်းဖြည်းနဲ့ မြန်မာစကားကျွမ်းလာတယ်ထင်ရတယ်ဗျ။ ဥပမာ ရေစက်ဆုံတယ်။ ရေစက်က ဘယ်မှာဆုံတာလဲ ဆိုတော့ ရေဘုံဘိုင်မှာ ဆုံတာတဲ့။" လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

ဒီအစဉ်မှာ ဂျပန်နိုင်ငံမှာ နာမည်ကြီးနေတဲ့ PRIZMAX BOYBAND အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေနဲ့ အတူ ဟာသသရုပ်ဆောင် အရိုင်းရဲ့ဟာသတင်ဆက်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ အပြင် မြန်မာနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ တေးသံရှင် ရေဗက္ကာဝင်း၊ အိုင်းရင်း ဇင်မာမြင့်၊ အမွန်း၊ ဆိုဖီယာ၊ ၀ိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ရဲ့ တေးဂီတဖျော်ဖြေမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

" Win's Shooow Time အစီအစဉ်လေးကို ကြည့်ခြင်းအားဖြင့် တိုင်းတစ်ပါးက သရုပ်ဆောင်လေးတွေ ရဲ့ သရုပ်ဆောင်မှုအပိုင်းလေးတွေ၊ သူတို့နေမှုထိုင်မှုလေးတွေ၊ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို အတုယူနိုင်အောင် အဲဒါလေးတွေလည်းပါမှာပါ။ အားလုံးပြည့်ပြည့်စုံစုံနဲ့ ဒါလေးကြည့်ပြီး ကျေနပ် အောင် ကျွန်တော်တို့ဘက်က ကြိုးစားတင်ဆက်ပေးထားပါတယ်။" လို့ ဟာသသရုပ်ဆောင် အရိုင်းက ပြောပါတယ်။

မိုရီဆာကီဝင်းရဲ့ Win's Shooow Time အစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့က စတင်ပြီး MNTV ရုပ်သံလိုင်းမှာ အပတ်စဉ် စနေနေ့ည ၈ နာရီကနေ ၉ နာရီအထိ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။