သာယာဝတီအကျဉ်း​ထောင်ဝန်​ထမ်းတစ်ဦးထံမှ မူးယစ်​​ဆေးဝါးများ ဖမ်းမိ

.

ဓာတ်ပုံ-ဝဏ္ဏထွန်း

ပခုက္ကူ ၊ အောက်တိုဘာ ၁၁ ။          ။ သာယာဝတီဗဟိုအကျဉ်း​ထောင်​အတွင်း၌ ​တာဝန်​ကျဝန်​ထမ်းတစ်ဦးထံမှ မူးယစ်​​ဆေးပြားများအား ​အောက်​တိုဘာလ ၁၁ရက်​​နေ့က ဖမ်းဆီးရရှိခဲ့​ကြောင်းသိရသည်​။

အကျဉ်း​​ထောင်​အတွင်း ​ညပိုင်း လုံခြုံ​​ရေးတာဝန်​ကျ ဝန်​ထမ်းများအား စစ်​​ဆေးစဉ်​ တပ်​သားအဆင့်ရှိ ဝန်​ထမ်းတဦး၏ ဖိနပ်​အတွင်းမှ ရှာ​ဖွေ​တွေရှိခဲ့ခြင်းဖြစ်​သည်​။

ဖမ်းဆီးရမိသည့်​ မူးယစ်းပြားများမှာ WY စာတမ်းပါ မူးယစ်​​ဆေးပြားများဖြစ်​ပြီး အပြား ၇၉၃ ပြားအား ဖမ်းဆီးရရှိခဲ့​ကြောင်းသိရသည်​။

အဆိုပါ ကိစ္စရပ်​နှင့်​ ပတ်​သက်​၍ အကျဉ်းဦးစီးဌာန သာယာဝတီဗဟိုအကျဉ်း​ထောင်​ လက်​​ထောက်​ညွန်​ကြား​ရေးမှူး ဦးသိန်းစိုးက တရားလိုပြုလုပ်​တိုင်​ကြားထားပြီး သာယာဝတီမြို့မရဲစခန်းတွင်​ မယ(ပ)၃/၂၀၁၈ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို ​ပြောင်းလဲ​စေ​သော ဥပ​ဒေပုဒ်​မ ၁၉(က)အရ အမှုဖွင့်ထား​သည်​။

သာယာဝတီအကျဉ်း​ထောင်အတွင်း လက်​ရှိမူးယစ်​​ဆေးပြား ဖမ်းမိသည့်​ ဖြစ်​စဉ်​သည်​ တတိယအကြိမ်​​မြောက်​ဖမ်းမိခြင်း ဖြစ်​ပြီး အကျဉ်းသားများထံမှလည်း မူးယစ်​​ဆေး ၂ ကြိမ်​ ဖမ်းဆီးရရှိသည့်​ ဖြစ်​စဉ်​များ ရှိခဲ့သည်​။