ဆိုင်ကလုန်းမုန်တိုင်း တစ်လီ အိန္ဒိယအရှေ့ခြင်းကို ၀င်ရောက်တိုက်ခတ်

.

အောက်တိုဘာ ၁၁ ။          ။ တစ်နာရီ လေတိုက်နှုန်း ၉၅ မိုင်ခန့်ရှိ ဆိုင်ကလုန်းမုန်တိုင်း တစ်လီဟာ အောက်တိုဘာ ၁၁ ရက် အစောပိုင်းက အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို အနိမ့်ပိုင်းနေ ပြည်သူ ၃၀၀,၀၀၀ တို့လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

သတင်းတွေအရတော့ မုန်တိုင်းကြောင့် အမျိုးသား နှစ်ဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကလည်း ယင်းတို့ရဲ့ ကော့ဇ်ဘဇား နယ်မှာ မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ထားရတယ်လို့ ဆိုပါတယ်။ ယင်း ကော့ဘဇားနယ်မှာတော့ ရွှေ့ပြောင်း ဘင်္ဂလီ ဒုက္ခသည် တစ်သန်းကျော်မျှ ခိုလှုံနေလျက်ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အားပြင်း ဆိုင်ကလုန်းအဖြစ် ရောက်ရှိလာခဲ့တဲ့ တစ်လီ မုန်တိုင်းဟာ အိန္ဒိယအရှေ့ပိုင်း ကမ်းရိုးတန်းမှာ အောက်တိုဘာ ၁၁ ရက် အစောပိုင်းကို ၀င်ရောက်ခဲ့တာဖြစ်ကြောင်း အိန္ဒိယ PTI သတင်းဌာနက ထုတ်ပြန်ထားပါတယ်။