သြစတြေးလျမှာ ငါးမန်း ပိုက်ကွန်မှာ ငြိမိပြီး ရုန်းမထွက်နိုင်ဖြစ်နေတဲ့ ဝေလငါးကို ကယ်တင်

.

အောက်တိုဘာ ၁၁ ။             ။ သြစတြေးလျမှာ ငါးမန်း ဖမ်းပိုက်ကွန်တစ်ခုမှာ ငြိမိနေပြီး သွားလာမရ ဖြစ်နေခဲ့တဲ့ ဝေလငါး အကောင်ငယ်လေး တစ်ကောင်ကို တာဝန်ရှိသူတွေ တွေ့ရှိ ကယ်ဆယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဝေလငါးလေးကတော့ သြစတြေးလျနိုင်ငံ Gold Coast မြို့ ကမ်းရိုးတန်းပြင်ပ ရေပြင်ထဲက ပိုက်ကွန်မှာ နှစ်နာရီလောက် ရစ်ပတ်မိနေပြီး ဒုက္ခရောက်နေခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ကယ်ဆယ်ရေးသမားတွေ ရောက်ရှိပြီး ယင်း ဝေလငါးလေးကို ကယ်ဆယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဝေလငါး အကောင်ငယ်လေးမှာတော့ အပေါ်ယံ ဒဏ်ရာအနည်းငယ်မျှ ရရှိသွားခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ ကြီးကြီးမားမား ဒဏ်ရာမျိုး မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။
 

Tags: