မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ရေအောက်မှာ လေ့ကျင့်နေတဲ့ အောင်လ အန်ဆန်

.

ဓာတ်ပုံ- Aung La Nsang Facebook

ရန်ကုန်၊အောက်တိုဘာ ၈ ။           ။ One Championshipပြိုင်ပွဲရဲ့ MMA Fighter တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်ဟာ အောက်တိုဘာလ ၂၆ ရက်မှာ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအတွက် ရေအောက်လေ့ကျင့်ခန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ အောက်တိုဘာလ ၂၆ရက်နေ့မှာ လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီနဲ့ မစ်ဒယ် ၀ိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏမှာ ထိုးသတ်ဖို့ရှိနေပါတယ်။ အဆိုပါပြိုင်ပွဲအတွက် အောင်လက ရေအောက်လေ့ကျင့်ခန်းတွေကိုပါ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေကတော့ အနားယူရတဲ့အချိန်ဖြစ်ပါတယ်။ပြီးတော့ အပြင်းအထန် လုပ်ရဦးမယ့် Training အတွက်လည်း အားပြန်ဖြည့်ရတာပေါ့။သုံးပတ်တောင်မလိုတော့တဲ့အချိန်အတွင်းမှာ One Championshipရဲ့ ကစားကွင်းထဲမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး ပြန်ကစားရဦးမှာပါ။MMA Fighter တစ်ယောက်အနေနဲ့ မြန်မာပြည် ပရိသတ်တွေအတွက်ကိုယ်စားပြုပြီးပြိုင်ရတာ ကျွန်တော့်အတွက် ဂုဏ်အယူရဆုံးပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ပရိသတ်တွေ၊ မိသားစုတွေ၊သူငယ်ချင်းမိတ်ဆွေတွေအတွက် ဂုဏ်ယူစရာတွေနဲ့ ပျော်ရွှင်မှုတွေ ယူလာပေးပါမယ်။”လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

အောက်တိုဘာလ ၂၆ ရက်မှာ One Championship ကစီစဉ်တဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီနဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲဟာ အောင်လရဲ့ ၁၀ပွဲမြောက် One Championshipပြိုင်ပွဲလည်း ဖြစ်ပါ တယ်။ အဆိုပါပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ရမယ့် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာဟာ MMA ပြိုင်ပွဲ ၉ ပွဲ ကစားထားပြီး ရှုံးပွဲမရှိသေးဘဲ ၉ပွဲလုံး အနိုင်ရထားခဲ့သူ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ယခုနှစ် ဇွန်လ ၂၉ ရက်က နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ MMA ပြိုင်ပွဲမှာ ဂျပန်နိုင်ငံသားKen Hasegawa ကို အနိုင်ရရှိခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။