စီရော်နယ်လ်ဒိုရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်ဆိုတဲ့ နောက်ထပ် အမျိုးသမီး ၃ ဦး ထပ်မံထွက်ပေါ်လာပြန်

.

(ဓာတ်ပုံ - အီးပီအေ)

ခရစ္စတီယာရော်နယ်လ်ဒိုရဲ့ အဓမ္မပြုကျင့်မှု မှုခင်းကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ရှေ့နေများက ကြယ်ပွင့်ကစားသမားရဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ နောက်ထပ် အမျိုးသမီး ၃ ဦးကို ရှာဖွေနေကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးဖြစ်သူက ပြီးခဲ့တဲ့ရက်ပိုင်းက ရော်နယ်လ်ဒိုကို စွပ်စွဲခဲ့တဲ့ မာယော်ဂါရဲ့ အလားတူ ပုံစံမျိုးဖြစ်တဲ့ ပါတီပွဲအပြီးမှာ သူမကို ပေါင်သန်း ၁၀၀ တန် တိုက်စစ်မှူးက မုဒိမ်းပြုကျင့်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အခုလိုထုတ်ဖော်ပြောဆိုခဲ့တဲ့ အမျိုးသမီးမှာ ကာရီမာအယ်မာရော့လို အမည်ရပြီး သူမ အသက် ၁၇ နှစ်အရွယ်မှာ ရော်နယ်လ်ဒိုက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်စွပ်စွဲသူ အမျိုးတစ်ဦးကလည်း “ရော်နယ်လ်ဒိုမှ သူမကို နာကျင်အောင်ပြုလုပ်ခဲ့တယ်”လို့ ပြောဆိုခဲ့ပြီး တတိယတစ်ဦးကတော့ ၂၀၀၉ ခုနှစ်က ပေါ်တူဂီကစားသမားနဲ့ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ရော်နယ်လ်ဒိုကို စွပ်စွဲထားတဲ့ မာယော်ဂါရဲ့ ရှေနေဖြစ်သူ လက်စ်လီစတိုဗာလ်က “ဒီသတင်းအချက်အလက်တွေကို အတည်ပြုရယူနိုင်ဖို့ ကျနော် လိုက်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်စတားဟာ လက်ရှိမှာတော့ မာယော့ဂါရဲ့ စွပ်စွဲမှုကို ခံနေရပြီး လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်စ်ဗီးဂက်စ်က ဟိုတယ်တစ်ခုမှာ သူမကို အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သူမဘက်က ထပ်တလဲလဲ အော်ဟစ်တားမြစ်ခဲ့ပေမယ့် မရခဲ့ကြောင်း ဆိုထားပါတယ်။ အခုလို အဓမ္မပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ အဲဒီအချိန်က သူမဘက်က ရေငုံနှုတ်ပိတ်နေဖို့အတွက် ပေါင် ၂၈၇၀၀၀ ရရှိခဲ့တယ်လို့လည်း မာယော့ဂါက ပြောထားပါတယ်။

ယခုကိစ္စကိုတော့ ဂျာမန် မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Der Speigel က ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။

ယခုလို အဓမ္မပြုကျင့်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ရော်နယ်လ်ဒိုရဲ့ ကိုယ်စားလှယ်တော့က ငြင်းဆန်ထားလျက်ရှိပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်တုန်းက Instagram Live ပို့စ်တစ်ခုကနေပြီး " သူတို့ပြောနေတာတွေက သတင်းတုတွေ၊ သူတို့က ငါ့နာမည်ကို အသုံးချပြီး ကျော်ကြားချင်နေကြတာ၊ ငါ့နာမည်ကို သူတို့ ခုတုံးလုပ်ပြီး နာမည်ကျော်ချင်နေကြတာပါ၊ ငါကတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ၊ အားလုံးအဆင်ပြေပါတယ်" ဆိုပြီး ပြောဆိုထားခဲ့တယ်လို့ သိရပါတယ်။

Ref; The Sun, CNN