အရုပ်ဆိုး အကျည်းတန်မှုများနဲ့ ပွဲပြီးဆုံးသွားခဲ့တဲ့ UFC Light Weight Champion စိန်ခေါ်ပွဲ

.

အောက်တိုဘာ ၇ ။      ။ မနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ UFC လိုက်ဝိတ် ချန်ပီယံ စိန်ခေါ်ပွဲမှာတော့ လက်ရှိ ကမ္ဘာ့ လိုက်ဝိတ် ချန်ပီယံ ခါဘစ် နာမာဂိုမီဒေါ့ဗ်က စိန်ခေါ်သူ ချန်ပီယံဟောင်း မက်ဂရီကော်ကို ချုပ်ကွက်နဲ့ အနိုင်ယူပြီး ၎င်းရဲ့ သရဖူကို ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ယင်းပွဲကတော့ ရုန်းရင်းဆန်ခတ် အရုပ်ဆိုး အကျည်းတန်ဖြစ်စဉ်တွေနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ယင်းပွဲမှာတော့ လေးချီမြောက်မှာတော့ ခါဘစ်ရဲ့ ချုပ်ကွက်မိပြီး မက်ဂရီကော် တစ်ယောက် အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယင်းပွဲပြီးပြီးချင်းမှာပဲ ရုန်းရင်းဆန်ခတ် အခြေအနေတွေနဲ့အတူ အကျည်းတန်မြင်ကွင်းတွေ မြင်တွေ့ခဲ့ရပါတော့တယ်။ ဒါကတော့ ပွဲကို အနိုင်ရပြီးပြီးချင်းမှာပဲ ခါဘစ်က ကြိုးဝိုင်း နံရံ ပေါ်ကနေ ခုန်တက်ကာ အောက်ဆင်းပြီး မက်ဂရီကော်ရဲ့ လေ့ကျင့်ရေးပါ့တနာနဲ့ အခြား ပရိသတ်အုပ်စုထဲ ၀င်ပြီး တိုက်ခိုက်ဖို့ ကြိုးစားရာကနေ ပွဲဟာ ရုတ်ရုတ်သဲသဲ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ခါဘစ်ရဲ့ အသင်းသားသုံးဦးကလည်း ကြိုးဝိုင်းထဲ ခုန်ဝင်လာပြီး မက်ဂရီကော်ကို ထိုးကြိတ် တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ်။

ယင်းကဲ့သို့ ၀ရုန်းသုန်းကား အခြေအနေတွေကို တာဝန်ရှိသူတွေက ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရပြီး ပွဲကနေ အရုပ်ဆိုးအကျည်းတန်မြင်ကွင်းတွေနဲ့ ရပ်ဆိုင်းသွားပါတယ်။

ဒီလိုမျိုး အငြင်းပွားဖွယ် ရှုံးနိမ့်သွားတဲ့ ပွဲအပြီးမှာတော့ ခါဘစ်နဲ့ နောက်တစ်ကြိမ် မကျေပွဲ ပြန်ထိုးမယ်ဆိုပြီး မက်ဂရီကော်ဘက်က တောင်းဆိုသွားတယ်လို့လည်း သိရပါတယ်။