NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးဝါး တွေ့ရှိမှု UWSA မှ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်

.

ဓာတ်ပုံ-Nyi Rang

အောက်တိုဘာ ၇ ။        ။ အမျိုးသမီး ၂ ဦးထံမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့မှုအပေါ် UWSA မှ ဒေသတာဝန်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မူးယစ်အထူးတပ်ဖွဲ့ဝင်များထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။

“ မြန်မာနိုင်ငံ "ဝ"ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသ မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ သည် ဟွေအော -BP1 နယ်မြေ၌ ဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေးဝါး သယ်ဆောင်သူ ၂ ဦးနှင့်ဆက်စပ်ပစ္စည်းများအား နိုင်ငံတော်အစိုးရ တာဝန်ရှိသူများဖြစ် သည့် ဒေသတာဝန်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မူးယစ်အထူးတပ်ဖွဲ့ဝင်များထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်” ဟု UWSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက အောက်တိုဘာလ ၇ ရက်တွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားသည်။

အမျိုးသမီး ၂ ဦးနှင့်အတူ  အက်ဖီတာမင်းစိတ်ကြွဆေးပြား ၁၀၀၀၊ ဘိန်းဖြူ ၂ ပုလင်း( အလေးချိန် ၅၂ ဂရမ်) ခန့်၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၇၅ ဘတ်၊ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကို အောက်တိုဘာလ ၆ ရက် က လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်ကလည်း မီဒီယာတစ်ခုတွင် ဖော်ပြထားသော မူးယစ်ဆေးသတင်း မှန်ကန်မှု မရှိကြောင်း UWSA မှ ပြောဆိုထားခဲ့ပြီး "ဝ" ပြည်နှင့် UWSA"ဝ"အဖွဲ့စည်း၏ ဂုဏ်သိက္ခာ ကိုထိခိုက်စေသည် ဟု ထုတ်ပြန်ထားသေးသည်။