မြန်မာလူငယ် ယူ အသင်းများအတွက် နည်းစနစ်ဒါရိုက်တာအသစ် ခန့်အပ်

.

ရန်ကုန်၊ အောက်တိုဘာ ၂ ။            ။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သြစတြေးလျအသင်း၏ နည်းစနစ်ဒါရိုက်လုပ်ဖူးသော ဘယ်လ်ဂျီယံနိုင်ငံသား မစ္စတာ အဲရစ်အက်ဘရမ်ကို နည်းစနစ်ဒါရိုက်တာအဖြစ် မြန်မာဘောလုံးအဖွဲ့ချုပ်မှ ခန့်အပ်ခဲ့သည်။

နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်အက်ဘရမ်ကို ခန့်အပ်ခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဲရစ်အက်ဘရမ် ကိုရွေးချယ်ရခြင်းမှာ “ ဘယ်လ်ဂျီယံအသင်းတွင် အောင်မြင်မှုများ ရရှိခဲ့ပြီး လူငယ်ကစားသမားကောင်းများမွေးထုတ်နိုင်ခဲ့မှု၊ သြစတေးလျအသင်းအား ကမ္ဘာ့ဖလားပွဲများသို့ ရောက်ရှိစေရန် ကိုင်တွယ်နိုင်ခဲ့ပုံများကြောင့်ဖြစ်သည်” ဟု သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

"အဓိက အကြောင်းပြချက်တစ်ခုကတော့ ဒီကလူတွေကသူတို့လုပ်နေတာတွေအပေါ် စိတ်အားထက်သန်မှုကို ပြကြတယ်။ ခင်ဗျားတို့လည်း သိပါတယ် ဒါက တော်တော်များများကို ရယူနိုင်ပါတယ်။ ခင်ဗျားတို့ နည်းနည်းလေး တစ်ခုလောက် နားလည်ဖို့လိုပါတယ် အကယ်၍မိန်းမတစ်ယောက်ကိုမြင်တဲ့အခါမှာ ဓာတုဆိုင်ရာဆက်သွယ်မှုတွေဖြစ်လာပါတယ်။ ကျွန်တော်လည်း ဒီနိုင်ငံနဲ့ပတ်သက်လို့ ဒီလိုပဲခံစားမိပါတယ်။ ဒါကအကြောင်းပြချက်တစ်ခုပါ။ ကျွန်တော်ဒီကိုလာပြီး အလုပ် လုပ်ရတာ သဘောကျပါတယ် ။ ဘာလို့လဲဆိုတော့ ဒီမှာ ဘောလုံးနဲ့ပတ်သတ်လို့ စိတ်အားထက်သန်မှုတွေရှိနေလို့ပါ ။ ပရိသတ်တွေရဲ့ ထောက်ခံမှု ဘောလုံးသမား နည်းပြတွေကြောင့်တင် မဟုတ်ဘဲ အလားအလာရှိလို့ပါ။ အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေမှာပေါ့" ဟု နည်းနစ်ဒါရိုက်တာ မစ္စတာ အဲရစ်အက်ဘရမ် က ပြောသည်။

အဲရစ်အနေဖြင့် မြန်မာလူငယ် ယူ အသင်းများကို အဓိက ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု သိရသည်။

အဲရစ်အက်ဘရမ်သည် ဘယ်လ်ဂျီယမ်ဘောလုံးအဖွဲ့ချုပ်တွင် ၁၅ နှစ်နှင့် ၁၆ နှစ်အောက်များအတွက် နည်းပြအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၂ ခန့်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သြစတေးလျနိုင်ငံ၏ နည်းစနစ်ဒါရိုက်တာအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်သည်။

သူ့အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အောက်တွင်ရှိသည့် သက်တမ်းအလိုက်လူငယ်အသင်းများကို တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်အမျိုးသားနှင့် အမျိုးသမီးအသင်းများအတွက်လည်း အကြံဥာဏ်များပေးသွားမည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားအချို့ ကွင်းလယ်ဒိုင်အား တွန်းခဲ့သည့်ဖြစ်ရပ်များကိုလည်း ကစားသမားတစ်ယောက်တွင် ရှိသင့်သည့်အပြုအမူများမဟုတ်ကြောင်းနှင့် လက်ရွေးစင်ကစားသမားအနေဖြင့် ဥပမာကောင်းဖြစ်နေရမည်ဟု အဲရစ်က ဆိုသည်။