ဥရောပက ဒုက္ခသည်အားလုံးကို ခိုလှုံခွင့်ပေးလိုက်ပါက အိုင်အက်စ်တို့အတွက် အောင်ပွဲဖြစ်လိမ့်ဟု ပြင်သစ် သတိပေး

ဥရောပက ဒုက္ခသည်အားလုံးကို ခိုလှုံခွင့်ပေးလိုက်ပါက အိုင်အက်စ်တို့အတွက် အောင်ပွဲဖြစ်လိမ့်ဟု ပြင်သစ် သတိပေး

ပါရီ၊ စက်တင်ဘာ - ၈ ။           ။ ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်အကြမ်းဖက်သမားများက နှိပ်စက်ညှဉ်းပန်း၍ ထွက်ပြေးလာကြသည့် ဒုက္ခသည်အားလုံးကို ဥရောပက ခိုလှုံခွင့်ပေးမည်ဆိုလျှင် မှားယွင်းလိမ့်မည်ဖြစ်ကြောင်း ပြင်သစ်က သတိပေးလိုက်ပြီး အကျပ်အတည်းစိုက်နေလင့်ကစား အရှေ့အလယ်ပိုင်း၏ ကွဲလွဲယှဉ်တွဲမကို ဆက်ထိန်းထားနိုင်ရေး အလုပ်အစီအစဉ်တစ်ရပ် တီထွင်ရန်လည်း တိုက်တွန်းလိုက်သည်။

ဒုက္ခသည်များ ပြန်လာရန် လွယ်ကူချောမွေ့ရေး၊ လူနည်းစုများကို နိုင်ငံရေးအတွင်းသို့ ဆွဲသွင်းရန် ဒေသတွင်းအစိုးရများအား တိုက်တွန်းရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ကင်းလွတ်ခွင့်မထားရေး အရေးယူဆောင်ရွက်ချက်များကို ဖော်ဆောင်ရန်အတွက် အီရတ်၊ ဂျော်ဒန်၊ တူရကီနှင့် လက်ဘနွန်တို့မှ ဝန်ကြီးများအပါအဝင် နိုင်ငံပါင်း ၆၀ခန့်မှာ စက်တင်ဘာ၈ရက်နေ့တွင် ပါရီ၌ တွေ့ဆုံခဲ့ကြသည်။

''ဒါက တကယ့်ကို ခက်ခဲတယ်ဆိုပေမယ့်လည်း တကယ်လို့ ဒုက္ခသည်အားလုံးသာ ဥရောပကို ရောက်လာခဲ့ရင် အိုင်အက်စ်တွေက အနိုင်ရသွားတာပါပဲ''ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖာဘီရပ်စ်က RTL ရေဒီယိုသို့ ပြောကြားခဲ့သည်။

''ဒီညီလာခံရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းက အရှေ့အလယ်ပိုင်းအတိုင်း ဆက်ရှိနေဖို့ပါ။ ဆိုလိုတာက အရင်ကလို ခရစ်ယာန်တွေ၊ ယာဇီဒစ်တွေနေထိုင်တဲ့ ကွဲလွဲယှဉ်တွဲနေတဲ့ ဒေသတစ်ခုပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required