ဘရပ်ဆဲတွင် အစားအစာစျေးနှုန်းများ ထိုးဆင်းမှုကို ဆန္ဒပြနေကြသည့် အီးယူလယ်သမားအား ဘယ်လ်ဂျီယံရဲက မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်

ဘရပ်ဆဲတွင် အစားအစာစျေးနှုန်းများ ထိုးဆင်းမှုကို ဆန္ဒပြနေကြသည့် အီးယူလယ်သမားအား ဘယ်လ်ဂျီယံရဲက မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်

ဘရပ်ဆဲ၊ စက်တင်ဘာ-၈ ။         ။ တစ်စိတ်တစ်ပိုင်းအားဖြင့် ရုရှက ကုန်သွယ်ရေးပိတ်ပင်မှုကြောင့် ဖြစ်ရသည့် အစားအစာဈေးနှုန်းများ ထိုးဆင်းမှုကို အီးယူက ကြားဝင်စွက်ဖက်ပေးရန် ကောက်ရိုးများ မီးရှူးမီးပန်းများဖြင့် တောင်းဆိုဆန္ဒပြနေသည့် အီးယူလယ်သမားများကို ဘယ်လ်ဂျီယံရဲက စက်တင်ဘာ၇ရက်နေ့တွင် မျက်ရည်ယိုဗုံးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။

ဥရောပကော်မရှင်က လယ်သမားများအပေါ် ဖိအားလျော့သွားစေရန်အတွက် အရေးပေါ်ထောက်ပံ့ငွေ ကူရိုသန်း၅၀၀ (ကန်ဒေါ်လာ ၅၅၇သန်း)ထုတ်ပေးမည်ဟု ပြောကြားသကဲ့သို့ အီးယူစိုက်ပျိုးရေး ဝန်ကြီးများမှာလည်း အကျပ်အတည်းကို ဖြေရှင်းရန် ခေါင်းချင်းဆိုင်နေကြသည်း

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဘရပ်ဆဲလမ်းများကို လယ်ထွန်စက်များဖြင့် ပိတ်ဆို့ထားခဲ့သည့် လယ်သမား ၇၀၀၀ကျော်ခန့်မှာ ဆွေးနွေးပွဲကျင်းပနေရာ အစောင့်အကြပ် ထူထပ်စွာချထားသည့် အီးယူရုံံးချုပ် အပြင်ဘက်တွင် စုရုံးနေခဲ့ကြသည်ဟု ဆိုသည်။

စားသောက်မှုပုံစံပြောင်းလဲသွားခြင်း၊ တရုတ်ဝယ်လိုအား ကျဆင်းသွားခြင်းနှင့် ယူကရိန်းအရေးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် ရုရှက အနောက်ကမ္ဘာမှ ထုတ်ကုန်များကို ပိတ်ပင် လိုက်ခြင်း စသည့်အကြောင်းတရားများ ပေါင်းစုံသွားသည့်အတွက် အမဲသား၊ ဝက်သားနှင့် နွားနို့ဈေးနှုန်းများ ထိုးဆင်းသွားခဲ့ရသည်။  

''အီးယူက အရေးယူဖြေရှင်းပေးဖို့ ဒီနေ့ ဒီနေရာကို ရောက်လာကြတာပါ။ နိုင်ငံတကာနိုင်ငံရေးအတွက် အီးယူလယ်သမားတွေက ပေးဆပ်နေရပါတယ်''ဟု ဥရောပလယ်သမားအသင်း Copaဋ္ဌ ဥက္ကဌ အဲလဘတ် ဂျန် မတ်က ပြောကြားခဲ့သည်။ ရုရှက အနောက်ကမ္ဘာမှ ထုတ်ကုန်များကို ပိတ်ပင်လိုက်သည့်အတွက် ယူရို၅.၅ဘီလျံတန်ဖိုးရှိသည့် အီးယူ၏ အဓိက ပို့ကုန်ဈေးကွက်မှာ အထိနာသွားခဲ့သည်ဟု ဆိုသည်။

လျှပ်စစ်ဝါယာကြိုးများ ရစ်ပတ်ထားသည့် သံခြံစည်းရိုးကို လယ်ထွန်းစက်များဖြင့် တွန်းဖယ်ရန် ကြိုးစားနေကြသည့် ဆန္ဒပြလယ်သမားများကို ဘယ်လ်ဂျီယံ အဓိကရုန်းနှိမ်နင်းရေးရဲများက မျက်ရည်ယို ဗုံးများ၊ ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့ရသည်ဟု ဆိုသည်။

ဆန္ဒပြသူအများစုမှာ ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် ဂျာမနီတို့မှ လယ်သမားများဖြစ်ပြီး၊ ဗြိတိန်၊ အိုင်ယာလန်ှနှင့် အီတလီ၊ ပေါ်တူဂီနှင့် လစ်သူရေးနီးယားအပါအဝင် အခြားအီးယူနိုင်ငံများမှ လယ်သမားများ လည်း ပါဝင်သည်ဟု ဆိုသည်။

''အဆုံးအရှုံးကြီးမားလှတဲ့ စိုက်ပျိုးရေးပေါ်လစီတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုတွေတောင် ရာနှင့်ချီပြီး ရှိခဲ့တယ်''ဟု ကြိုးပေးခံနေရသည့် လယ်သမားရုပ်တုကို ကိုင်ဆောင်လာသည့် ပြင်သစ်ပြည်မြောက်ပိုင်းမှ အငြိမ်စားလယ်သမားတစ်ဦးဖြစ်သည့် ရီမီ အူလင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly