NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ထိုင်းရှိ မူးယစ်ဆေးဝါးများမှာ UWSA"ဝ"မှ ထုတ်လုပ်ဆိုသည့်သတင်းမှာ မမှန်ဟုဆို

.

စက်တင်ဘာ ၂၆ ။         ။ ထိုင်းနိုင်ငံအတွင်း တွေ့ရှိရသည့် မူးယစ်ဆေးဝါးများမှာ UWSA"ဝ"မှ ထုတ်လုပ်ထားသည့် ဆိုသည့် သတင်းမှာ မမှန်သတင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက စက်တင်ဘာလ ၂၆ ရက် ညပိုင်းက ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် အသိပေးထားသည်။

“ ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို WY ယာဘ အပါအဝင် မူးယစ်ဆေးများဖမ်းမိတိုင်း ထိုင်းရဲ များ နှင့်အတူ ပြည်တွင်းပြည်ပ Media အချို့ များမှလည်း စတင်ဖမ်းဆီးခြင်းကာလ စုံစမ်းထောက်လှမ်းခြင်း စစ်ကြောရေး မပြုမီအချိန်တွင် အဆိုပါမူးယစ်ဆေးဝါးများမှာ"ဝ" ပြည်နယ်မှ ထုတ်လုပ်ပြီး ထိုင်းပြည်တွင်းသို့ ရောက်ရှိလာသည်ဟု သက်သေမရှိ တဘက်သတ် ချက်ခြင်းပြောဆိုခြင်းများမှာ တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိ "ဝ" ပြည်နှင့် UWSA"ဝ"အဖွဲ့စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းဖြစ်စေသဖြင့် ယခုကဲ့သို့ လားရှိုးမီဒီယာ Lashio Media အနေနှင့် UWSA"ဝ"အဖွဲ့ အား အထင်မှား ထိခိုက်နစ်နာစေမည့်သတင်းမျိုး ထပ်မံ မတင်မိစေရန် ရှောင်ရှားသင့်ကြောင်း အသိပေးအပ်ပါသည်” ဟု ရေးသားထားခြင်း ဖြစ်သည်။

လားရှိုးမီဒီယာမှ “ ၀ တောင်ပိုင်းခေါင်းဆောင်တစ်ဦး ပိုင်ဆိုင်သည့် စိတ်ကြွဆေးပြား ၁၂ သန်းနှင့် ရေခဲဆေး အမြောက်အမြားဖမ်းမိ ” ဟူသော ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၆ ရက်က တင်ထားခဲ့ခြင်း ဖြစ်သည်။