NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဓားခုတ်မှုအတွက် တရားခံများ ဖမ်းမမိသေး

.

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။         ။ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း၌ ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတွင် တရားခံများအား ဖမ်းမိရမိမှု မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၆ ရက်နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဓားဖြင့်အခုတ်ခံရသည့် ဒေါ်မိမိစိုးမှ တိုင်ကြားချက်အရ ဟူစိန် အမည်ရှိသူအပါအဝင် ၇ ဦးအား ဖမ်းမိရန် စုံစမ်းနေသည်ဟု ပါရှိသည်။

ဓားဖြင့်အခုတ်ခံရသူ ဦးဇော်ထွန်းမင်းနှင့် ဟူစိန်ဆိုသူသည် ယခင်က စကားအခြေအတင်ဖြစ်ခဲ့ဖူးသည်ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး  ဦးဇော်ထွန်းမင်း နှင့် ဇနီး ဒေါ်မိမိစိုးတို့သည် စံပြ အမဲဈေးသို့ သွားရောက်စဉ် မြယာကုန်းလမ်း နှင့် ၁၂၃ လမ်းထိပ်သို့ အရောက်၌ ဟူစိန်အမည်ရှိသူ အပါအဝင် ၇ဦးမှ ဓားဖြင့်ဝိုင်းခုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဦးဇော်ထွန်းမင်းနှင့် ဒေါ်မိမိစိုးတို့တွင် ခန္ဓာကိုယ်အနှံ့ ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ဟူစိန်အပါအဝင် ၇ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ (ထက်သော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေသည်ဟု ထုတ်ပြန် ထားသည်။