NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အိုင်စီစီ ထံတွင် တရားဝင် တရားစီရင်နိုင်သည့် အခွင့်အာဏာမျိုး မရှိဟု ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂညီလာခံတွင် ပြော

.

စက်တင်ဘာ ၂၆ ။         ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) သည် တရားဝင်ခြင်း မရှိသလို တရားစီရင်မှု၏ စည်းမျဉ်းဥပဒေသ အားလုံးကို ချိုးဖောက်ထားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၅ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းစွပ်စွဲပြောကြားသွားခဲ့ပါတယ်။

" အိုင်စီစီမှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ တရားလည်း မ၀င်ပါဘူး၊ ဘာအခွင့်အာဏာမှလည်း မရှိပါဘူး" ဆိုပြီး ထရမ့်က ညီလာခံမှာ ပြောသွားပါတယ်။

" အိုင်စီစီကတော့ ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံတိုင်းက နိုင်ငံသားတွေအပေါ် တရားစီရင်ခွင့် ရှိတယ်လို့ ပြောထားပါတယ်၊ ဒါက တရားစီရင်မှု၊ တရားမျှတမှု စည်းမျဉ်းတွေအားလုံးကို ဖောက်ဖျက်လိုက်တာပါ၊ ကျွန်တော်တို့ကတော့ အမေရိကန်ရဲ့ အချုပ်အချာအာဏာကို ရွေးကောက်ခံမဟုတ်တဲ့၊ တာဝန်ခံမှု မရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီယန္တရားတစ်ခုအောက်မှာ အညံ့ခံသွားဖို့ မရှိပါဘူး" ဆိုပြီး အမေရိကန်ရဲ့ သဘောထားနဲ့ပတ်သက်လို့ ထရမ့်က ထုတ်ဖော်သွားပါတယ်။