NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

နှစ် ၅၀၀ ခန့် သက်တမ်းရှိ ပစိဖိတ်ဒေသဆိုင်ရာ ရှားပါးလက်ရာပစ္စည်းများကို ဗြိတိန်မှာ ခင်းကျင်းပြသ

.

စက်တင်ဘာ ၂၆ ။              ။ နှစ်သက်တမ်းပေါင်း ၅၀၀ ခန့်ရှိ ရှားပါးအနုပညာလက်ရာပစ္စည်း အမျိုးပေါင်း ၂၀၀ ၀န်းကျင်ခန့် ပါဝင်ပြသထားတဲ့ ပစိဖိတ်ဒေသဆိုင်ရာ ရှားပါးပစ္စည်းပြပွဲ တစ်ခုကို ဗြိတိန် တော်ဝင် အကယ်ဒမီ ပြတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ပြပွဲမှာတော့ ထင်ရှားတဲ့ ဗြိတိသျှ ရေကြောင်းခရီးသည်လို့ လူသိများခဲ့တဲ့ ကပ္ပတိန် ဂျိမ်းစ်ကွတ် ၎င်းရဲ့ စူးစမ်းရှာဖွေမှု ရေကြောင်းခရီးစဉ်တွေအတွင်း စုဆောင်းရရှိထားခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ချို့ကို ထည့်သွင်းပြသထားပါတယ်။

ဗြိတိန် စွန့်စားရှာဖွေသူ ကွတ်က ၎င်းရဲ့ ပင်လယ်ရေကြောင်းခရီးစဉ်တွေအတွင်း လက်ဆောင်ရလာတဲ့ ဒါမှမဟုတ် ပစ္စည်းချင်း ဖလှယ်လာခဲ့တဲ့ ပစ္စည်းတွေကို ပြသထားတာဖြစ်ပါတယ်။

ကပ္ပတိန် ဂျိမ်းကွတ် ပစိဖိတ်ဒေသဆီ ပထမဆုံးသွားရောက်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၅၀ မျှ ပြည့်မြောက်တဲ့အထိမ်းအမှတ်အဖြစ် ယခု ပြပွဲကို ပြုလုပ်တာဖြစ်ကြောင်း သိရပါတယ်။

" ကျွန်တော်တို့ သိရသလောက်ကတော့ ကပ္ပတိန် ဂျိမ်းစ်ကွတ်က နယူးဇီလန်ကနေ ဥရောပဆီကို ဒီ ပစ္စည်းတွေ ပထမဆုံး သယ်လာပေးခဲ့တယ်ဆိုတာပါပဲ၊ ဒီလို ပစ္စည်းတွေကို လူတွေ အရင်က တစ်ခါမှ မြင်တွေ့ဖူးကြမှာမဟုတ်ပါဘူး" ဆိုပြီး ပြတိုက်မှူး အန်ဒရီယန် လော့ခီက ပြောသွားပါတယ်။