NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်မယ့် တင်ဇာမော်

.

ရန်ကုန်၊စက်တင်ဘာလ ၂၆ ။                   ။ တေးသံရှင်တင်ဇာမော်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ  7 concert  ကို အောက်တိုဘာလ ၆ရက်နေ့မှာ မန္တလေးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

"မနှစ်ကရန်ကုန်မှာလုပ်တော့ မန္တလေးကပရိတ်သတ်တွေအတွက်လည်း သွားရောက်ဖျော်ဖြေချင်ခဲ့ပါတယ်။ မန္တလေးမှာပါ တစ်ခါထဲဆက်တိုက်လုပ်မယ် လို့စိတ်ကူးခဲ့ပါတယ်။၂၀၁၇ မှာပေါ့နော်။ တစ်ကယ်တမ်း လက်တွေ့ကြတော့ ဖြစ်မလာခဲ့ကြဘူး။ ၂၀၁၇ မန္တလေးမှာလုပ်မယ့်ပွဲက အနောက်ကိုဆုတ်သွားပြီး ၂၀၁၈ ဖေဖော်ဝါရီကို ရောက်တော့လည်း ထပ်မဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် အခုလုပ်တဲ့ ပွဲက မန္တလေးမှာလုပ်မယ်ဆိုပြီး တည်ထားတဲ့အတွက်ကြောင့် အခုလုပ်ဖြစ်ပြီဆိုတဲ့ အချိန်ကျတော့ ၂၀၁၈ ၁၀လပိုင်းကိုရောက်သွားခဲ့တာပါ။ ရောက်တဲ့အချိန်မှာ မန္တလေးမှာပဲ ဒီပွဲကိုလုပ်ဖို့ ပထမမူလဆုံးဖြတ်ထားခဲ့တဲ့အတိုင်းပဲ လုပ်ဖြစ်သွားတာပါ" လို့ တေးသံရှင် တင်ဇာမော်ကဆိုပါတယ်။

တင်ဇာမော်ဟာ မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲမှာ ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်နေသူလည်းဖြစ်သလို မကြာသေးခင်ကလည်း သူ့ရဲ့ ၇ ခွေမြောက် 7 အယ်လ်ဘမ် တေးစီးရီးအခွေအသစ်ကို ထွက်ရှိထားသူ ဖြစ်ပါတယ်။မန္တလေးမှာ ကျင်းပမယ့် 7 concert ဖျော်ဖြေပွဲကြီးမှာ သီချင်းအပုဒ်ပေါင်း ၂၀၀ကျော်ကို ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ပြီး တင်ဇာမော်နဲ့အတူ အနုပညာရှင်များကလည်း ပါဝင်အားဖြည့်သီဆိုသွားမယ်လို့ သိရပါတယ်။

" ဒီအနုပညာလောကဆိုတာ ဘာမှန်းမသိခင်ကတည်းက ဟိုးနယ်မှာနေပြီး ရိုးရိုးသာမန်မိန်းကလေး တစ်ယောက်ဘဝမှာထဲက မတင်ဇာမော်သီချင်းတွေကို ကြိုက်တယ်။ မတင်ဇာမော်ဆိုတဲ့ သီချင်းတွေကို သူ့လိုစိတ်ကူးယဉ်တတ်တယ်။ သူ့ကို လူကိုလည်းကြိုက်တယ်။ စိတ်ကိုလည်းကြိုက်တယ်ဆိုတော့ အခု သူနဲ့အတူတူ ဒီနေ့ဒီအချိန်မှာ ခင်မင်ရင်းနှီးရတယ်။ နောက်သူနဲ့ အတူတူ သူ့ရဲ့ မြူးဇစ်ဗီဒီယိုထဲမှာ ပါဝင် သီဆိုအားဖြည့်ပေးရတဲ့အတွက် အတိုင်းမသိပျော်တယ်။ ကိုယ်ငယ်ငယ်ထဲကကြိုက်ခဲ့ရတဲ့ အိုင်ဒေါနဲ့ အပြင်မှာ အတူတူရှိနေတာဆိုတော့ ကိုယ်သူ့ဆီက လေ့လာစရာစရာတွေလေ့လာလို့ရတယ် " လို့ တေးသံရှင် ပိုးမီကပြောပါတယ်။

အဆိုပါ မန္တလေး 7 concert ဖျော်ဖြေပွဲကြီးအတွက် လက်မှတ်များကို အနည်းဆုံး မြန်မာငွေကျပ် ၁၅၀၀၀ ကနေ အများဆုံး ကျပ် (၄)သိန်းအထိ သတ်မှတ်ထားပြီး လက်မှတ်အမျိုးအစား ၅ မျိုးနဲ့ ရောင်းချပေးမယ်လို့  သိရပါတယ်။