NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပုသိမ်မြို့ရဲ့ နေထိုင်ရေးကွက်လပ်၊ အငှားအိမ်ရာတွေနဲ့ ဖြည့်နိုင်ပါ့မလား

.

စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများတဲ့  မြန်မာနိုင်ငံရဲ့မြို့ကြီးပြကြီးတွေမှာ တစ်နှစ် ထက်တစ်နှစ် လူဦးရေထူထပ်များပြားလာတာနဲ့အမျှ အိမ်ရာဈေးနှုန်းတွေက လက်လှမ်းမမီအောင်မြင့် တက်ပြီး နေရေးထိုင်ရေးကိစ္စရပ်တွေက ခေါင်းခဲစရာဖြစ်လာပါတယ်။

 အလားတူပါပဲ။ ဧရာဝတီတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ပုသိမ်မြို့မှာလည်း လူနေမှုက သိပ်သည်း လာသလို မြို့စွန်ရပ်ကွက်တွေနဲ့ မြို့တွင်း ကားလမ်းဘေးတစ်လျှောက်မှာလည်း ကျူးကျော်အိမ်ရာတွေ တိုးပွားလာတာကို မြင်တွေ့နေရပါတယ်။

 ပုသိမ်မြို့ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်မယ်ဆို လူဦးရေအချိုးအဆနဲ့ သိပ်သည်းမှုမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ၂၀၁၄ခုနှစ်ထုတ် မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှာဖော်ပြထားပါတယ်။  မြို့ပေါ်မှာ ရပ်ကွက်ပေါင်း(၁၅) ရပ်ကွက်၊ အိမ်ခြေပေါင်းသုံးသောင်း နှစ်ထောင်ကျော်နဲ့ အိမ်ထောင်စုပေါင်း သုံးသောင်း လေးထောင်ကျော်နေထို်င်ကြတယ်လို့ ဧရာဝတီ တိုင်း မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

 ဒီစာရင်းအရ မြို့ပေါ်က အိမ်ထောင်စု(၂၀၀၀)နီးပါးဟာ မြေပိုင်အိမ်ပိုင်မရှိဘဲ နေထိုင်ရကြရသူ တွေဖြစ်ပါတယ်။ ဒါပေမယ့် ပျံ့နှံ့တိုးပွားလာတဲ့ ကျူးကျော်နေထိုင်သူ တွေကြောင့် ဒီစာရင်းဇယားတွေ ကရော တကယ့်ကို တိကျမှန်ကန်မှုရှိရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဝေဖန် နေကြတာလည်း ရှိပါတယ်။

 ပုသိမ်ရဲ့ ဆင်ခြေဖုံးရပ်ကွက်နဲ့ ကားလမ်းနံဘေးတလျှောက် ကျူးကျော်အိမ်ရာတွေ တစ်နေ့တခြား တိုးပွားလာတာကလည်း ငြင်းမရတဲ့ သက်သေတစ်ခုပါ။ ဒါဆိုရင် ပြည်သူလူထုရဲ့ လိုအပ်နေတဲ့ နေရေးထိုင်ရေးကွက်လပ်တွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းသွားနိုင်မလဲ။

 ဖြည့်ဆည်းနိုင်မှုနဲ့ မျှတဲ့လိုအပ်ချက်

“အငှားအိမ်ယာချထားရာမှာ ပြည်သူတွေလိုအပ်ချက်ရဲ့  ဒဿမ၂၅ရာခိုင်နှုန်းလောက် ပဲ  ဖြည့်ဆည်း ပေးနိုင်တဲ့ အနေအထားရှိပါတယ်။ ပြည်သူတွေအတွက် လက်ရှိအခြေအနေ မှာ  နေရေးကအရမ်းကို အရေးပါလာပါပြီ”

“အစိုးရအနေနဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ အငှားချထားပေးမယ်ဆိုလို့ရှိရင်ပြည်သူလူထုရဲ့ နေ့စဉ် စားဝတ်နေရေးကျပ်တည်းမှုကို တစ်ခန်းတစ်နေရာကနေပြီး အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်၊ နေရေးနိမ့်ကျလာတာနဲ့ အလားတူ လူမှုရေးအရဆုံးရှုံးမှုတွေဖြစ်လာပါတယ်။ လူမှုရေး၊ ကျန်းမာရေး နိမ့်ကျတယ်။ လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်မှပဲ ပြည်သူလူထု အတွက် အေးချမ်းတဲ့ ဘ၀မျိုးရရှိ နိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ရော၊ တိုင်းဒေသကြီး အစိုးရအနေနဲ့ပါ အငှားအိမ်ယာတွေ စီစဉ် ဆောင်ရွက်ပေးဖို့ စီမံနေပါတယ်” ဟု  တိုင်းမြို့ပြနှင့် အိုးအိမ်များဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရရဲ့ အထူးထောက်ပံ့ငွေ ကျပ်သန်း ၂၀၀၀နဲ့ ပုသိမ်မြို့ပေါ်မှာ ဥမ္မာဒန္တီအငှား အိမ်ယာစီမံကိန်း ကို(၄)ခန်းတွဲ (၅)ထပ်တိုက်(၃)လုံး၊  (၈)ခန်းတွဲ (၄)ထပ်တိုက်(၂)လုံးတို့က အခန်း ပေါင်း(၁၂၄)ခန်းကို  ဆင်းရဲမှုလျော့ချရေးမူဝါဒတွေနဲ့အညီ ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာနကနေပြီး လက်ရှိ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း များနဲ့ ၀င်ငွေနည်းပြည်သူအိုးမဲ့အိမ်မဲ့တွေကို အငှားချထား ပေးဖို့ စီစဉ်တည်ဆောက်ခဲ့တယ် လို့ဆိုပါ တယ်။
     
၂၀၁၆ခုနှစ် ဒီဇင်ဘာလမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အငှားအိမ်ယာ(၄)ခန်းတွဲ (၅)ထပ်တိုက်(၃)လုံး နဲ့ (၈)ခန်းတွဲ(၄)ထပ်တိုက်(၁)လုံးက အခန်းပေါင်း(၉၀)ကျော်ကို အငှားချထားဖို့ လျှောက်လွှာခေါ်ယူခဲ့ရာ မှာ လျှောက်ထားခဲ့သူပေါင်း ၅၀၀ ကျော်လောက်ရှိခဲ့တာကြောင့်  အခန်းလိုအပ်ချက်ဟာ ပေးနိုင်တဲ့ ပမာဏရဲ့ ခြောက်ဆနီးပါးလောက်ကို မြင့်မား နေခဲ့တာပါ။

ဒါပေမယ့်လည်း အငှားအိမ်ယာလျှောက်လွှာတွေ ခေါ်ယူခဲ့တာကို မသိရှိခဲ့တဲ့အတွက်လျှောက်ထား နိုင်ခြင်း မရှိသူတွေ၊ အိမ်ငှားခ ပေးဆောင်နိုင်ဖို့ အခက်အခဲရှိတာကြောင့် လျှောက်ထားခြင်းမရှိကြ သူတွေလည်း ရှိနေနိုင်သေးတယ်လို့ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဌာနရဲ့ တာဝန်ရှိသူတွေက ခန့်မှန်း ပြောဆိုထားပါတယ်။

၂၀၁၈ခုနှစ် ဇူလိုင်လမှာတော့ နောက်ထပ်တည်ဆောက်ပြီးစီးသွားတဲ့ (၈)ခန်းတွဲ(၄)ထပ်တိုက် (၁)လုံး က အခန်းပေါင်း(၃၂)ခန်းနဲ့ အရင်ကမဲပေါက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အခန်းပြန်အပ်ခဲ့သူ(၃)ဦး တို့ရဲ့ အခန်း(၃)ခန်းအပါအ၀င် စုစုပေါင်း (၃၅)ခန်းကို အငှားချထားပေးဖို့ လျှောက်လွှာတွေခေါ်ယူခဲ့ ရာမှာ  လက်ရှိတာဝန်ထမ်းဆောင်နေဆဲ  ၀န်ထမ်းတွေအပါအ၀င် အငြိမ်းစားဝန်ထမ်းတွေနဲ့ဝင်ငွေ နည်း ပြည်သူ စုစုပေါင်း ၁၄၆၃ ဦးက လျှောက်ထားခဲ့အတွက် အဌားအိမ်ရာ အခန်းလိုအပ်ချက်ဟာ (၄၂)ဆခန့် ကွာဟနေခဲ့တယ်လို့ သိရှိရပါတယ်။

 ''ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရတို့ရဲ့ ဘဏ္ဍာငွေနဲ့ တည်ဆောက်မယ်ဆိုရင်တော့ တစ်နှစ်မှာ အငှားအိမ်ယာ(၁)လုံး(၂)လုံးလောက်ပဲတည်ဆောက်နိုင်မှာ ဖြစ်တယ်” လို့  ပုသိမ်မြို့၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက သုံးသပ်ပြော ဆိုပါတယ်။

အငှားအိမ်ရာတွေတည်ဆောက်ပေးခြင်းအားဖြင့် ကျူးကျော်နေထိုင်သူတွေ ပပျောက်နိုင် ပေမယ့် အစိုးရအနေနဲ့အစပိုင်းမှာ ဘက်ဂျက်အသုံးစရိတ်ထဲကရင်းထားရပြီး ကာလအတန်ကြာမှ အခန်းဌားခ ပြန်ရလာနိုင်မယ်လို့ သူကဆိုပါတယ်။

 “နိုင်ငံခြားကထောက်ပံ့ငွေမျိုးရပြီး တည်ဆောက်နိုင်ရင်ကောင်းမယ်။ လုပ်ငန်းရှင်တွေစုပေါင်းပြီး ဆောက်လုပ်နိုင်ရင် အကျိုးရှိထိရောက်မယ်။ ၀င်ငွေနည်း ပြည်သူတွေအဖို့လည်း အကျိုးရှိ နိုင်တယ်'' လို့ ဦးအောင်သူထွေးက ပြောပါတယ်။

 နေထိုင်ရေးအတွက် အဓိကအခက်အခဲ အတားအဆီးတွေက ဘာလဲ

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အငှားအိမ်ယာများ တည်ဆောက်နိုင်ရန်မြေကွက်များရှိထားပြီး ဖြစ်သော်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးတည်ဆောက်သွားဖို့ရှိပါတယ်။

အရောင်းအိမ်ရာတွေကတော့ လက်ငင်းငွေပြန်ပေါ်နိုင်ပြီး တိုင်းဒေသကြီးဘက်ဂျက် အသုံးစရိတ်ကို ကာလရှည်လိုငွေပြမသွားနိုင်တဲ့ အားသာချက်တွေရှိနေပါတယ်။ ဒါပေမယ့် အငှားအိမ်ယာတွေက အိမ်ရာဝယ်ယူဖို့အတွက် ချက်ချင်းမပြေလည်နိုင်သေးတဲ့ အိုးမဲ့၊ အိမ်မဲ့တွေအတွက် အဆင်ပြေနိုင် ကြောင်း၊ အငှားအိမ်ယာတွေ တည်ဆောက်နိုင်ဖို့  တိုင်းဒေသကြီးအစိုးရအနေနဲ့ နည်းလမ်းတွေ ရှာဖွေ နေကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
       

ပုသိမ်မြို့မှာ အငှားအိမ်ယာတွေ တည်ဆောက်ချိန်နဲ့ တပြိုင်တည်းမှာပဲ ဥမ္မဒန္တီတန်ဖိုးနည်း/တန်ဖိုးသင့် အရောင်းအိမ်ယာစီမံကိန်းကို မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ လှည့်ပတ်ရန်ပုံငွေနဲ့ အခန်းပေါင်း ၆၇၆ခန်း၊  (၈)ခန်းတွဲ(၆)ထပ်တိုက်(၇)လုံး(၃၃၆)ခန်း၊ (၆)ခန်းတွဲ (၅)ထပ်တိုက်(၁၀)လုံး (၃၀၀)ခန်း၊ (၂)ခန်းတွဲ (၄)ထပ်တိုက်(၅)လုံး အခန်း(၄၀)၊ စုစုပေါင်းအခန်း(၆၇၆)ခန်း တို့ကို တည်ဆောက်ခဲ့ပါ တယ်။   ။