NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ထိုင်ဝမ်ကို စစ်လက်နက်တွေ ရောင်းချတာကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်ကို တရုတ် တိုက်တွန်း

.

ပေကျင်း၊ စက်တင်ဘာ ၂၅ ။            ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို စစ်လက်နက်အစိတ်အပိုင်းတွေ ရောင်းချမယ့် အမေရိကန်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ လုံးလုံး မကျေနပ်ကြောင်း ဖော်ပြလာခဲ့တာကြောင်း ကမ္ဘာ့စူပါအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုများလာခဲ့ရပြီ ဖြစ်ပါတယ်။

F-16 တိုက်လေယာဉ် နဲ့ C-130 ကုန်သယ်လေယာဉ်တို့ အပါအ၀င် အမျိုးမျိုးသော လေယာဉ်တွေနဲ့ ဆက်စပ်အပိုပစ္စည်းတွေ ဒေါ်လာ သန်း ၃၃၀ ဖိုး ထိုင်ဝမ်ကို အမေရိကန်က ရောင်းချဖို့ သဘောတူထားကြောင်း စက်တင်ဘာ ၂၄ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုကို တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး “နိုင်ငံတကာဥပဒေနဲ့ အစိုးရချင်း ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်လိုက်တာဖြစ်ကြောင်း”ပြောလိုက်တဲ့အပြင် ဒီလက်နက်ရောင်းချမှုကို လုံးလုံးမကျေနပ်ပဲ အပြင်းအထန်ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ၎င်းပိုင်နက်နယ်မြေတစ်ရပ်အဖြစ် ရှုမြင်ထားတာ ဖြစ်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး  စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းနဲ့ အမေရိကန် ဆက်ဆံရေးအပေါ်လည်း သံသယကြီးမားစွာ ထားရှိထားတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီလက်နက်ရောင်းချမှုကို တရားဝင်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ အမေရိကန်ကို တိုက်တွန်းတယ်။ လက်နက်ရောင်းချမယ့် အစီအစဉ်ကို ချက်ချင်းရုပ်သိမ်းပါ။ ထိုင်ဝမ်နဲ့ စစ်ရေးချိတ်ဆက်ပတ်သက်မှုကို ရပ်ပစ်ပါ။ ဒါတွေကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေး၊ ထိုင်ဝမ်အရေးတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးတို့ ပြင်းပြင်းထန်ထန် ထိခိုက်လာရလိမ့်မယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။