NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အင်အားကြီး ငါးနိုင်ငံနဲ့ အီရန်တို့ နျူကလီးယားစာချုပ်အရ ကုန်သွယ်ရေး ဆက်ရှိရန် သဘောတူညီမှု ရရှိ

.

နယူးယောက်၊ စက်တင်ဘာ ၂၅ ။             ။ ကုလသမဂ္ဂမှာ အင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှ၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီရန်တာဝန်ရှိသူတွေနဲ့   တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်ကုန်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ သဘောတူခဲ့ကြပါတယ်။

အီရန်နဲ့ အင်အားကြီးခြောက်နိုင်ငံ ချုပ်ဆိုတဲ့ နျူကလီးယားသဘောတူညီမှုကနေ အမေရိကန်က နုတ်ထွက်ပြီးတာကြောင့် အရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်အသက်ဝင်ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို နိုဝင်ဘာလအတွင်းမှာ ပိတ်ဆို့ဖို့ ရှိနေချိန်မှာ စာချုပ်ပါ ကျန်ရှိ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ လေးနိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ဟာ အီရန်နဲ့ ကုန်သွယ်ရေးဆက်ရှိဖို့ သဘောတူလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံရယ်၊ ဂျာမနီရယ်၊ အီရန်ရယ်ဟာ သမိုင်းတွင် နျူကလီးယားသဘောတူညီချက်ကို ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီသဘောတူညီမှုအရ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို ဖျက်သိမ်းပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားတဲ့  ဆန်ရှင်တွေကို ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မေလမှာ သဘောတူညီချက်ကနေ သမ္မတ ဒေါ်နယ်ထရမ့်ဟာ နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီး အီရန်အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီလို နုတ်ထွက်တာကြောင့် အရင် ဆန်ရှင်တွေ ပြန်အသက်ဝင်မှာ ဖြစ်ပြီး အိုပက်အဖွဲ့ရဲ့ အဓိကရေနံဝယ်လက်တွေ အီရန်ဆီက ရေနံစိမ်း ၀ယ်ယူတာကို ရပ်တန့်ပစ်ဖို့ ကြိုးစားဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။