NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အာဂျင်တီးနားသမ္မတ မာအူရီစီအိုမာခရီ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဆု ဆွတ်ခူးရရှိ

.

စက်တင်ဘာ ၂၅ ။           ။ ယမန်နေ့ (စက်တင်ဘာလ၊ ၂၄ ရက်)မှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား ဆုချီးမြှင့်ပွဲ အခမ်းအနားကို နယူးယော့ခ်အခြေစိုက် အတ္တလန္တိတ်ကောင်စီက ကြီးမှူးကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဆု ချီးမြှင့်ပွဲ အခမ်းအနားကို အတ္တလန္တိတ်ကောင်စီက နှစ်စဉ် ကြီးမှူးကျင်းပနေတာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားမှာ အတ္တလန္တိတ်သမုဒ္ဒရာတစ်လျှောက်ရှိ ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်ဆံရေးအားကောင်းအောင် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဆု ချီးမြှင့်တာဖြစ်ပါတယ်။

ယမန်နေ့က ကျင်းပတဲ့ ပွဲမှာတော့ အာဂျင်တီးနားသမ္မတ မာအူရီစီအိုမာခရီဟာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘီလ်ကလင်တန်နဲ့ ဂျော့ဘုရှ်၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးတို့ဟာလည်း  ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဆုကို ဆွတ်ခူးရရှိခဲ့ဖူးကြောင်း သိရှိရပါတယ်။