NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ကနေဒါဆပ်ကပ် ဆော်ဒီအာရေဗျတွင် ပထမဆုံးကျင်းပ

.

စက်တင်ဘာ ၂၄ ။       ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၂၃ ရက်က ကနေဒါအခြေစိုက် Cirque du Soleil ဟာ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့မှာ ဆပ်ကပ်ဖျော်ဖြေပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Cirque du Soleil ကနေဒါ ဆပ်ကပ်ဟာ ဆော်ဒီအာရေဗျမှာ ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

အဆိုပါဆပ်ကပ်ပြပွဲကြီးမှာ အနုပညာရှင် ၈၀ ကျော်နဲ့အတူ ၀တ်စုံပေါင်း ၂၅၀ ကို အသုံးပြုခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးမှာ ရှိုးပွဲတွေ၊ အကတွေနဲ့ စည်ကားနေခဲ့ပြီး တချို့ရှိုးပွဲတွေမှာ အမျိုးသား၊ အမျိုးသမီးတွေကို အတူတက်ရောက် ကြည့်ရှုခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ယခုနှစ်မှာတော့ နိုင်ငံတွင်းမှာ ပွဲတော်နဲ့ ရှိုးပွဲပေါင်း ၅၀၀၀ ကျော် ဆက်လက်တင်ဆက်သွားဖို့ရှိကြောင်း ဆော်ဒီအာရေဗျ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။