NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လူကြမ်းသရုပ်ဆောင်တစ်ဦးကို မူးယစ်ဆေးပြား နှစ်သောင်းကျော်ဖြင့် ဖမ်းမိ

.

ဓာတ်ပုံ - CCDAC Myanmar

 

ရန်ကုန်။စက်တင်ဘာ ၂၄ ။              ။ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ရတနာယာဉ်လိုင်းဂိတ် (လားရှိုး-ရန်ကုန်)တွင် လူကြမ်း သရုပ်ဆောင် တစ်ဦးအား မူးယစ်ဆေးပြား နှစ်သောင်းကျော်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀နာရီ ၄၅မိနစ်တွင် ရန်ကုန်မြောက်ပိုင်း မူးယစ်တပ်ဖွဲ့စု (၄၀) မှ တပ်ဖွဲ့စုမှူး ရဲမှူးအောင်မြတ်စိုး ဦးစီးသောအဖွဲ့နှင့် လားရှိုး မူးယစ်တပ်ဖွဲ့စု (၂၄) မှ ရဲအုပ်မင်းဇော်ဦး ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် သတင်းအရ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ရတနာယာဉ်လိုင်းဂိတ် (လားရှိုး-ရန်ကုန်)တွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် (AYY) DD/---- နံပါတ်ပါ NISSAN TIIDA အမျိုးအစား အငှားယာဉ်ဖြင့် ဇေရဲထွန်း (ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်) ၃၈ နှစ်နှင့် ခင်မောင်ဝင်း ၄၅ နှစ်တို့ ၂ ဦးရောက်ရှိလာပြီး လူမဲ့တန်ဆာ VERAGE စာတန်းပါ ခရီးဆောင် အိတ်အား ရွေးယူလာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါ အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီးတောင့် ၁၀ တောင့်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ပြားနှင့် ၄င်းတို့ စီးနင်းလာသော မော်တော်ယာဉ်အမှတ် (AYY) DD/---- မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်ရှိ ဇေရဲထွန်းနှင့် ခင်မောင်ဝင်းတို့ ငှားရမ်း နေထိုင်သော နေအိမ်သို့ ဆက်လက်ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၃ ပြား ၁ ထုပ်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၈၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ၆၀၂၄၉၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီး ရမိသော ဇေရဲထွန်း(ခ)စစ်သွေး(လူကြမ်းသရုပ်ဆောင်)နှင့် ခင်မောင်ဝင်းတို့ ၂ ဦးကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် မယ(ပ)၅၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျှက်ရှိကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်။