စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ကမ္ဘာလုံးဆိုင်ရာလူငယ်ဗုဒ္ဓဘာသာသံတမန်အဖြစ် ခန့်အပ်ခံရ

.

(ဓာတ်ပုံ - မုံရွာ (CJ))

အိန္ဒိယနိုင်ငံ၊ နတ်ကပူးမြို့၌ စက်တင်ဘာလ၂၃ ရက်နေ့က WAB ( World Alliance of Buddhists)အဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံမှ စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် စစ်ကိုင်းမြို့ IBEC ဆရာတော် ဦးသောဘိတအား World Outstanding Buddhist Leader Award ဆု ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာလူငယ်ဗုဒ္ဓဘာသာသံတမန်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

" အခုရရှိတဲ့ ဆုဟာ မြန်မာနိုင်ငံတစ်ခုတည်းအတွက်သာမက ဗုဒ္ဓဘာသာအဝန်းအဝိုင်း၊ အိန္ဒိယပြည်ကြီး၊ လူသားမျိုးနွယ်တစ်ခုလုံးစာ အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ပေးရမယ့်ဆုအဖြစ် မှတ်ယူလက်ခံထားပါတယ်။ ဒီဆုကို လက်ခံပြီး ဘုန်းဘုန်းအတွက် ကမ္ဘာလောကသားတွေ အပေါ် လူသားဖြစ်တည်မှုရဲ့ အစစ်အမှန်တန်ဖိုး၊ အကြမ်းမဖက် 

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရယူမယ်လို့ သန္နိဌာန်ချမှတ် ယုံကြည်ထားတယ်" ဟု မဇ္ဈိမသို့ မိန့်ကြားသည်။

အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကို စက်တင်ဘာ (၂၃)နေ့မှ (၂၇)ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံ ၃၈ နိုင်ငံမှ တက်ရောက်ခဲ့ပြီး အမ်ဘေဒကာဆုရှင် (၅)ဦး၊ World Outstanding Buddhist Leader Award ဆုရှင် (၅) ဦး ချီးမြှင့်ခဲ့ကာ IBEC ဆရာတော်အား အဆိုပါ ဆု (၂)လုံး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် အိန္ဒိယအစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ International Buddhist Youth Conference မှ သဘာပတိကြီးများ၊ အမှုဆောင် နာယကများ၊ ဝိုင်းတော်သူ၊ဝိုင်းတော်သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။