NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နေအိမ်မီးရှို့ခဲ့သူက စိတ်ကျန်းမာရေး မကောင်းသူဖြစ်၍ အမှုမဖွင့်ထားဟု ဆို

.

ဓာတ်ပုံ - Nawng Latt Jang Maw

စက်တင်ဘာ ၂၃ ။         ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန် ကျေးရွာ Green Land ရုံးကပ်ရပ်တွင် ဖြစ်ပွားခဲ့သည့် ကိုယ့်အိမ်ကို မီးပြန်ရှို့၍ နေအိမ်မီးလောင်မှုမှာ မီးရှို့သူသည် စိတ်ကျန်းမာရေး မကောင်းသူ ဖြစ်၍ ပြစ်မှုမမြောက်သည့်အတွက် လုံးခင်းရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်မြင့်ထွန်းက ဆိုသည်။

အဆိုပါ နေအိမ်ကို မီးပြန်ရှို့သူသည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသူဖြစ်ပြီး စိတ်ပုံမှန် မဟုတ်သည် မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကာ မိမိအိမ်ကို ခဲဖြစ်ပေါက်ခြင်း၊ ကော်ပုံးမီးရှို့ခြင်းများ၊ ည ကုမ္ပဏီမိုင်းခွဲလျှင် အိပ်မရ၍ ကုမ္ပဏီ ခြံဝင်းအား မကြာခဏ ခဲဖြင့်သွားထုလေ့ရှိကြောင်း ၊ ထိုအခင်းမဖြစ်ခင် ၂ ရက်အလိုတွင် ထိုသို့ မလုပ်ရန် ၎င်းအိမ်သို့ သွားရောက်ပြောခဲ့သည်ဟု Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ခံ Nawng Latt Jang Maw က ပြောသည်။

မီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်တစ်လုံးသာ ဆုံးရှုံးခဲ့ပြီး ကျေးရွာသူ/သားများ၊မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရပြီး အခြား တစ်စုံတစ်ရာ အထိအခိုက် လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

"သူက မူးယစ်ဆေးသုံးစွဲပြီး ရာမကြောင်တာလဲ မဟုတ်ပါဘူး သူက စိတ်ကိုပုံမှန်မဟုတ်တာပါ။ စိတ်ပေါ့သွပ်သူ ရဲ့ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်က အမှုရေးဖွင့် ဆောင်ရွက်မှု မရှိပါဘူး။ သူ့ မိသားစုက သူ့ကို စိတ်ရောဂါကုဆေးရုံး မန္တလေးကို ခေါ်သွားမယ်လို့ ပြောတယ် ” ဟု လုံးခင်း စခန်းမှူးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါနေအိမ်ကို မီးပြန်ရှို့သည့် ဖြစ်စဉ်သည် စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး ယင်းသို့ နေအိမ်ကို ပြန်လည် မီးရှို့မှုများ ယခင်းကလည်း ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။