NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မုံရွာအိုးဘိုတောင် မြစ်ကမ်းစပ်အနီး အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

.

စက်တင်ဘာလ ၂၃ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက် မြစ်ကမ်းစပ်အနီး မြေနုကျွန်းတောင်ဘက်ထိပ်၌ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။

အဆိုပါ အမျိုးသားအလောင်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာတွေ့ရှိခြင်း မရှိဘဲ  သေဆုံးသူ၏ ဘောင်းဘီဝဲဘက်အိတ်ကပ်အတွင်းရှိ အညိုရောင် ခေါက်ပိုက်ဆံအိတ်အတွင်းမှ သူရအောင် အမည်ပါ နိုင်ငံရေး မှတ်ပုံတင် (၁)ခု /'င' ယာဉ်မောင်းလိုင်စင် (၁)ခု/အလုပ်သမား မှတ်ပုံတင်(၁)ခုနှင့် ငွေစက္ကူရောရာ ၂သောင်းနီးပါး ပါရှိကြောင်း သိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်းမှ စုံစမ်းရာ သေဆုံးသူ သူရအောင်(၃၉)နှစ်မှာ မုံရွာမြို့ ကွေးကြီး ရပ်ကွက်၌ နေထိုင်သူတစ်ဦးဖြစ်ပြီး ၄င်း၏ မိခင်ပြောပြအချက်အရ လွန်ခဲ့သော ၁၀ နှစ်ခန့်က ဇနီးဖြစ်သူနှင့် ကွဲပြီး မိခင်နှင့်အတူ လာရောက်နေထိုင်ကြောင်း၊ အရက်ကြောင်သဖြင့် လွန်ခဲ့သော ၁လခန့်က ဆေးရုံတွင် ရက် ဆေးကုသခံယူခဲ့ရကြောင်း၊ ဆေးရုံဆင်းပြီးနောက်   လျှောက်သွားတတ်ကြောင်း၊    လွန်ခဲ့သည့် ၃ ရက်ခန့်က နေအိမ်မှ ထွက်သွားပြီး ပြန်လည်ရောက်ရှိခြင်းမရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မုံရွာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၉/၁၈)ဖြင့် အမှုရေးဖွင့်ပြီး စခန်းမှူး ဒုရဲမှူးကျင်စိန်က  စစ်ဆေးနေကြောင်း သိရသည်။