NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

စာသင်နှစ်ညစာစားပွဲအတွက် စုထားသောငွေများကို မိခင်နှင့်ကလေးကုသဆောင်သို့ လှူဒါန်း

.

မြိတ်၊ စက်တင်ဘာ ၂၂ ။           ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်ရှိ “ပုလဲရာဇာ” အဆောင်နေကျောင်းသားများမှ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်အပြီးတွင် ညစာစားပွဲအတွက် စုဆောင်းထားသည့် ငွေကျပ် ၁၀ သိန်းကို အပျော်အပါးအတွက် အသုံးမပြုဘဲ မြိတ်ပြည်သူ့ဆေးရုံကြီး၏ မိခင်နှင့် ကလေး ကုသဆောင်သို့ လှူဒါန်းခဲ့သည်။

မြိတ်မြို့နယ်၊ ခရုတောရပ်ကွက်ရှိ မြိတ်ပြည်သူ့ဆေးရုံကြီး၏ မိခင်နှင့် ကလေး ကုသဆောင်တွင် တက်ရောက် ဆေးဝါးကုသခံနေရသည့် လူနာရှင်များအနက် ချို့တဲ့လူနာအချို့ကို မြိတ်တက္ကသိုလ် အဆောင်နေကျောင်းသား များက အလှူငွေ ၁၀ သိန်းကျပ်ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ လာရောက်လှူဒါန်း ပေးအပ်ခဲ့ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

မြိတ်တက္ကသိုလ် ပုလဲရာဇာအဆောင် အဆောင်မှူး ဒေါက်တာ ဆန်းလွင်က“ ဆရာတို့ ကျောင်းသားလေး တွေကို အပျော်အပါးလုပ်တာထက် ကုသိုလ်ယူတာက ပိုကောင်းမယ်ဆိုပြီး၊ သူတို့ စုဆောင်းထားတဲ့ ငွေလေးတွေကို လာလှူ ဖြစ်တာပါ၊ နောက်ပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်ထောက်ပံ့ပေးလိုက်ရတဲ့ ချိန်မှာ ပရဟိတစိတ်လေးတွေ ၀င်သွားအောင်လို့ ရည်ရွယ်တာ ဖြစ်တယ်”ဟု ပြောသည်။

ကျောင်းသား ၈၀ ဦးက စုဆောင်းထားသည့် အလှူငွေ ၁၀ သိန်းကျပ်ကို မိခင်နှင့်ကလေးကုသဆောင်ရှိ ချို့တဲ့ လူနာအယောက် ၅၀ ဦးကို ၁ ဦးလျှင် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

ပုလဲရာဇာအဆောင်နေ ကျောင်းသားများသည်၊ နှစ်စဉ် ထောက်ပံ့ ငွေများကို ပေးအပ်နေခြင်း ဖြစ်ပြီး၊ ယခုနှစ်မှာ ၇ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။