NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တရုတ်နဲ့ ဇေကမ္ဘာတို့ ပူးပေါင်းပြီး မြရိပ်ညိုဟိုတယ်ကို အသစ်ပြန်တည်ဆောက်မည်

.

စက်တင်ဘာ ၂၂ ။          ။ မြရိပ်ညိုဟိုတယ်အဆောက်အဦကို ဖြိုဖျက်၍ ဟိုတယ်နှင့် ကွန်ဒိုမီနီယံအသစ်များ တည်ဆောက်သွားရန် စီစဉ် ဆောင်ရွက်နေကြောင်း ဇေကမ္ဘာကုမ္ပဏီ၏ဥက္ကဋ္ဌ   ဒေါက်တာခင်ရွှေ ကပြောသည်။

"တရုတ်နဲ့ ဇေကမ္ဘာကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မှာပါ။ မြရိပ်ညို ဟိုတယ်ကို ဖျက်ပြီးတော့ အကုန်အသစ်ပြန် ဆောက်မယ်။ ဟိုတယ်အသစ်ပြန်ဆောက်မယ်။ နောက်တစ်ခု ကွန်ဒိုမီနီယံအသစ် ၁၆လုံးလောက် ပြန်ဆောက် ဖို့ရှိတယ်။ မြေဧက ၁၄ဧကလောက်ရှိပါတယ်" ဟု ဒေါက်တာခင်ရွှေ ကပြောသည်။

အဆိုပါ တည်ဆောက်ရေးကို ဇေကမ္ဘာကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ China State Construction Engineering Corporation တို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီမှ ၆၀ရာခိုင်နှုန်း နှင့် ဇေကမ္ဘာကုမ္ပဏီမှ ၄၀ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

အသစ်ပြန်လည် တည်ဆောက်ရာတွင် အထပ်မြင့် ၂၂ထပ်ခန့်ရှိသော အဆောက်အဦများပါဝင်မည်ဖြစ်ပြီး သက်ဆိုင်ရာ စည်ပင်သာယာ ခွင့်ပြုချက်များနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

"အခုတည်ဆောက်မယ့်ထဲမှာ ကုန်စုံဆိုင်တွေပါမယ်။ လူနေအိမ်တွေပါမယ်။ ဟိုတယ်တွေပါမယ်။ အခုလက်ရှိ မှာတော့ တည်ဆောက်ဖို့ သက်ဆိုင်ရာစာရွက်စာတမ်း ခွင့်ပြုချက်တွေလုပ်နေတယ်။ စာရွက်စာတမ်းပြည်စုံ တာနဲ့ လုပ်ငန်းအကောင်အထည်ဖော်မယ်" ဟု ဒေါက်တာခင်ရွှေ ကဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြရန်လုပ်ဆောင်နေပြီး ခွင့်ပြုချက်များရရှိပါက လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။