NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တန်ဇန်းနီးယားရှိ ၀ိတိုရိယအိုင်တွင် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၁၅၁ ဦးထိမြင့်တက်

.

စက်တင်ဘာ ၂၂ ။           ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၂၀ ရက်က တန်ဇန်းနီးယားနိုင်ငံ၊ ၀ိတိုရိယအိုင်မှာ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ သေဆုံးသူဦးရေ ၁၅၁ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘူဂိုရိုရာကျွန်းကနေ ခရီးသည် ၂၀၀ ကျော်နဲ့အတူ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ အဆိုပါရေယာဉ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

MV Nyerere ရေယာဉ်ဟာ ပုံမှန်တင်ဆောင်နိုင်တဲ့ ခရီးသည်ပမာဏကို ကျော်ပြီး ခရီးသည် ၂၀၀ ကျော်တင်ခဲ့တဲ့အတွက် ယခုလို တိမ်းမှောက်ခဲ့ရကြောင်း သိရှိရပါတယ်။

ရေယာဉ်တိမ်းမှောက်တဲ့ စက်တင်ဘာလ၊ ၂၀ ရက် ညတွင်းချင်းမှာပဲ အာဏာပိုင်တွေက လိုက်လံရှာဖွေ ကယ်ဆယ်လျက်ရှိရာ ယနေ့ထုတ်ပြန်ချက်အရ ခရီးသည် ၁၅၁ ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ အသက်ရှင်ကျန်ရစ်တယ်လို့ သိရပါတယ်။

ရေယာဉ်စီးနင်းလိုက်ပါလာတဲ့ ခရီးသည်ဘယ်နှဦးရှိခဲ့လဲဆိုတာ မသိရတဲ့အတွက် ဘယ်နှဦးပျောက်ဆုံးနေလဲဆိုတာကို အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကိုလည်း အာဏာပိုင်တွေက ဆက်လက်ရှာဖွေလျက်ရှိပါတယ်။

ရေယာဉ်တိမ်းမှောက်ရာ အရပ်ကို တန်ဇန်းနီးယားသမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသွားရတဲ့ ဒေသခံတွေအတွက် ၄ ရက်တာ ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကျင်းပသွားမယ့်အပြင် ယခုဖြစ်ပွားခဲ့တဲ့ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ တန်ဇန်းနီးယားသမ္မတက ပြောခဲ့ပါတယ်။