NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ကျပ် တစ်သောင်းခွဲနဲ့ ရောင်းမဲ့ Project K အဖွဲ့ရဲ့ The Beginning တေးအယ်ဘမ်

.

စက်တင်ဘာ ၂၁ ။        ။ တေးသီချင်း ၇ ပုဒ်ပါဝင်တဲ့ Project K အဖွဲ့ရဲ့ The Beginning တေးအယ်လ်ဘမ်ကို အချိန်ယူ သေချာ အချိန်ယူ ပြင်ဆင်ထားတယ်လို့ ပြောလာပါတယ်။

ဒီ တေးအယ်လ်ဘမ် မိတ်ဆက်ပွဲကို စက်တင် ဘာလ ၂၁ ရက်က ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

“အကတွေလည်း ထွင်ထားတယ်။ အကတွေလည်း သေချာတိုက်ထားတယ်။  ကျွန်တော်တို့ အချိန်တွေ အကြာကြီး လုပ်ပြီးတော့ ပြင်ဆင်ထားတယ်။ အကပိုင်းဆိုလည်း သေချာ ပြင်ဆင်ထားတယ်။ နိုင်ငံခြားတွေ အထိပါ ပိုက်ဆံ အကုန်အကျခံပြီး ရိုက်ထားတယ်။ ကတာသပ်သပ်၊ မြူးဇစ်ပိုင်းက သပ်သပ်ခွဲထားပါတယ်” လို့ Project K အဖွဲ့က ပြောပါတယ်။

တစ်ချပ်ကို ကျပ် တစ်သောင်းခွဲနဲ့ အချပ်ရေ ၃၀၀၀ သာ ကန့်သတ်ထုတ်ဝေမယ်ဆိုတဲ့ ဒီတေးအယ်လ်ဘမ်မှာ CD ၊ VCD ၊ တေးသီချင်းစာအုပ်၊ ဓာတ်ပုံစာအုပ်၊ ပို့စကတ်၊ အခွေစတန်းတွေပါ ထည့်သွင်းပေးထားပြီး လာမဲ့ အောက်တိုဘာလ ၂၁ ရက်၊ ရန်ကုန်မြို့၊ Junction City ၊ အောက်တိုဘာလ ၂၄ ရက်၊ မင်္ဂလာမန္တလေး၊ မန္တလေးမြို့တို့မှာ ရောင်းချ သွားမှာပါ။

၂၀၁၆ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ Seoul Kpop International Cover Dance ပြိုင်ပွဲမှာ 1 st Runner Up ဆုကို  Project K အဖွဲ့က ရရှိခဲ့တာပါ။