NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဝိုင်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

.

ဓာတ်ပုံ - ACHC

ရန်ကုန်၊ စက်တင်ဘာ ၂၁ ။                         ။ ဧရာဝတီမြစ်ညာ-မြစ်ဝှမ်းရေအားလျှပ်စစ်ကုမ္ပဏီ လီမိတက် (ACHC) မှ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုတွင် ရေအားလျှပ်စစ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုပြူလုပ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက်နေ့ကပြုလုပ်ခဲ့သည့်အဆိုပါဆွေးနွေးပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီးဟောင်း ဦးအောင်သန်းဦးက ဆွေးနွေးထားသော တမံတည်ဆောက်မှုဆိုင်ရာ အထွေထွေ အကျိုးသက်ရောက်မှုနှင့် ပတ်သက်သည့် TV၊ Talkshow ၊ ချီဖွေရေအားလျှပ်စစ်စီမံကိန်းနှင့် ရေအား လျှပ်စစ်ထုတ်လုပ်မှု အခြေခံသဘော တရားများများကို ပြသရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းအောင် သုံးစွဲမှုဆိုင်ရာအသိပညာပေးအစီအစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့သည်ဟု ACHC ကုမ္ပဏီမှ ထုတ်ပြန်သည်။ အဆိုပါဆွေးနွေးပွဲသို့ တာလောကြီးကျေးရွာအုပ်စုမှ ဒေသအကြီးကဲများ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်များနှင့် ရွာသူရွာသား ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

တာလောကြီးကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၀၀၀ ကျော်ရှိပြီး ရွာသူရွာသားအများစုမှာ ရှမ်း တိုင်းရင်းသားများဖြစ်ကာ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးကြကြောင်း သိရသည်။