NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

သပိတ်ကျင်းမြို့နယ်တွင် လျှပ်စစ်မီးလင်းရေးကော်မတီ အသစ်ပြန်ဖွဲ့စည်းပေးရန် ဆန္ဒပြ

.

စက်တင်ဘာလ ၂၀၊ သပိတ်ကျင်း ။            ။ မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ၌ လျှပ်စစ်မီးလင်းရေး ကော်မတီအသစ်ပြန်လည် ဖွဲ့စည်းပေးရန်အတွက် လူအင်အား ၁၅၀ ကျော်ခန့် ဆန္ဒပြ တောင်းဆိုခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို မီတာဘောက်တစ်လုံးလျှင် နိုင်ငံတော်မှ ကျပ် ၇၅၀၀၀ ကောက်ခံထားသော်လည်း လျှပ်စစ်မီးလင်းရေးကော်မတီအဖွဲ့ဝင် ၁၀ ဦးက ငွေကျပ် ၁၅၀၀၀၀ ကောက်ယူမှုအပေါ် ကျေနပ်မှု မရှိသောကြောင့် ကော်မတီအသစ် ပြန်လည်ဖွဲ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

" ကျွန်မတို့ တောင်သူဘဝက ငွေကြေးအခက်အခဲတွေအများကြီးရှိတယ်။ အခုဆို ကျေးရွာမီးလင်းဖို့ အခက်အခဲ ရနေပါတယ်။ အဲ့ဒီအတွက် အခုလို ဆန္ဒထုတ်ဖော်ရတာ " ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ တွင်းငယ်ကျေးရွာတွင် မီးလင်းရေးကော်မတီ အဖွဲ့ဝင် ဒုဥက္ကဋ္ဌ ဦးညွန့်ဝေသို့ ဆက်သွယ်မေးမြန်းရာတွင် `မီတာဘောက်တစ်လုံးကို တစ်သိန်းခွဲ ကောက်တာဟာ မီးလင်းရေးရန်ပုံငွေအတွက် အသုံးပြုထားတာဖြစ်ပြီး ရန်ပုံငွေများကို လည်း ဘဏ်တွင် အပ်နှံထားပါတယ်” ဟု  ပြောသည်။

ယခု ဆန္ဒပြမှုအပေါ်မှာလည်း လူအခွင့်အရေးအရ သူတို့မှာလည်း ထုတ်ဖော်ပြသခွင့်ရှိတဲ့အတွက် မိမိအနေဖြင့် ကြိုဆိုဂုဏ်ယူကြောင်းလည်း ဦးညွန့်ဝေက ပြောသည်။