NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ကနေဒါတောမီးနှင့် လေဆင်နှာမောင်းတိုက်မိပြီး မီးလေပွေဖြစ်ပွား

.

စက်တင်ဘာ ၂၀ ။        ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၉ ရက်က ကနေဒါနိုင်ငံ မြောက်ဘက်အစွန်အဖျားမှာ လောင်ကျွမ်းနေတဲ့ တောမီးနဲ့ လေဆင်နှာမောင်းတိုက်မိပြီး မီးလေပွေကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးသတ်သမားတွေက အဆိုပါတောမီးကို ငြိမ်းသတ်နေချိန်မှာ လေဆင်နှာမောင်းတိုက်ခတ်လာပြီး မီးနဲ့ ထိသွားတဲ့အခါ မီးလေပွေကြီး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို ဗွီဒီယိုရိုက်ကူးထားတဲ့ မီးသတ်သမား အမ်စီချီလိုစကီက ၎င်းရဲ့ Instagram မှာ တင်ခဲ့တာဖြစ်ပါတယ်။

“မီးလေပွေက ၄၅ မိနစ်လောက် ဆက်ပြီးလောင်နေတာ။ အမြင့်ပေ ၂၀၀ လောက်ရှိမယ်။”လို့ အမ်စီချီလိုစကီက ပြောပါတယ်။

ရာသီဥတုခြောက်သွေ့ပူပြင်းမှုကြောင့် ဗြိတိသျှ ကိုလံဘီယာပြည်နယ်မှာ တောမီးများလောင်ကျွမ်းလျက်ရှိရာ မြေဧက ၁ ဒသမ ၃ သန်း ဟက်တာ ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီး ၃၃၃ ခုအနက် ဇွန်လမှာကတည်းက လောင်ကျွမ်းနေတဲ့ တောမီး ၁၀ ခုရှိတယ်လို့ သိရပါတယ်။