NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြောက်ကိုရီးယားခေါင်းဆောင်နှင့် တောင်ကိုရီးယား သမ္မတတို့ ပြုံယမ်းတွင် ခေါက်ဆွဲသုံးဆောင်

.

စက်တင်ဘာ ၂၀ ။            ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၉ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အခြားတာဝန်ရှိပုဂ္ဂိုလ်တွေဟာ   တောင်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့က နာမည်ကြီး ခေါက်ဆွဲအေးစားသောက်ဆိုင်မှာ နေ့လယ်စာအတူသုံးဆောင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ စက်တင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအစည်းအဝေးအပြီးမှာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ဟာ ပြုံယမ်းမှာ အခြားတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ မြောက်ကိုရီးယားရဲ့ နာမည်ကြီး ခေါက်ဆွဲအေးကို အတူတကွ သုံးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီး ညှိနှိုင်းခဲ့တဲ့ သဘောတူညီချက်အရ မြောက်ကိုရီးယားအနေနဲ့ Tongchang-ri ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရာ နေရာကို အပြီးတိုင် ပိတ်သိမ်းသွားဖို့ ရှိနေပြီး သက်ဆိုင်ရာနိုင်ငံတွေက ကျွမ်းကျင်သူတွေကိုပါ ဖိတ်ခေါ်ပြီး ၎င်းတို့ရဲ့ ရှေ့မှောက်မှာပဲ ယင်းပိတ်သိမ်းမှုကို လုပ်ဆောင်သွားဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

များမကြာမီမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားနိုင်ငံသို့ သမိုင်းဝင် ခရီးသွားရောက်မှာဖြစ်ကြောင်း သိရှိရပါတယ်။