NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

၂၀၁၈ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

.

(ဓာတ်ပုံ - MNL)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်နဲ့ ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်နှင့် တောင်ကြီးမြို့တွင် သက်ဆိုင်ရာပြိုင်ပွဲများအပြီးတွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆု ရယူနိုင်ဖို့ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲစဉ်များ အပြီးတွင်မှ ချန်ပီယံအသင်း အဖြေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ပွဲစဉ်(၂၁)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေနဲ့ အမှတ်ပေးချန်ပီယံအသင်းကို ဆုဖလားချီးမြှင့် ပေးအပ်သွားနိုင်ဖို့ ဖလားများကို သက်ဆိုင်ရာကွင်းများတွင် အဆင်သင့် စီစဉ်ထားရှိသွားမှာဖြစ်ပါတယ်။

ပွဲစဉ်(၂၂) မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းနဲ့ အိမ်ကွင်း Y.U.S.C ကွင်း၊ ရှမ်းယူနိုက်တက်အသင်းက မြ၀တီအက်ဖ်စီအသင်းနှင့် တောင်ကြီးကွင်းမှာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါပွဲစဉ်များမှာ အငြင်းပွားမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာ ၂၃ ရက်၊ ညနေ ၃း၃၀ အချိန်တွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမယ်လို့ သိရပါတယ်။

Ref; MNL