NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြန်မာအမျိုးသမီးများအတွက် “ပါရမီချန်ပီယံ အစီအစဉ်” မိတ်ဆက်

.

စက်တင်ဘာ ၁၈ ။                       ။ LPG ဆလင်ဒါ ဓာတ်ငွေ့ရည်ကို ရောင်းချနေသော ပါရမီကုမ္ပဏီမှ မြန်မာအမျိုးသမီးများအတွက် “ ပါရမီချန်ပီယံ အစီအစဉ် ” ကို စက်တင်ဘာလ ၁၉ ရက်တွင် မိတ်ဆက်လိုက်သည်

“ အမျိုးသမီးတွေရဲ့စွမ်းရည်ကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ပေးနိုင်ဖို့အတွက် Parami LPG အမျိုးသမီး သီးသန့် အရောင်းကိုယ်စားလှယ်အဖွဲ့အစည်း ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့စွမ်းရည် မြှင့်တင်ဖို့အတွက် အထူးသီးသန့်အခွင့်အရေးကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ပဏာမခြေလှမ်းအနေနဲ့စတင်လိုက်တဲ့ “ပါရမီချန်ပီယံအစီအစဉ်” ဟာဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အရောင်းအဝယ်ကဏ္ဍမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မှုကို ပိုမိုခိုင်မာစေနိုင်မယ် လို့လည်း ယုံကြည်ပါတယ်။” ဟု Parami LPG ဓာတ်ငွေ့ကုမ္ပဏီအမှုဆောင်အရာရှိ၊ ဦးပြည့်ဝထွန်းက ပြောသည်။

အဆိုပါအစီအစဉ်မှာ ရန်ကုန်မြို့ရှိ အရောင်းကိုယ်စားလှယ်ဖြစ်လိုသည့် စိတ်ပါဝင်စားသော အမျိုးသမီးများကို ရှာဖွေခြင်း ဖြစ်ပြီး လျှောက်လွှာများအား စက်တင်ဘာလ ၁၄ ရက်မှ စတင်၍ လျှောက်ထားနိုင်ပြီ ဖြစ်သည်။

ရွေးချယ်ထားခံရသောလျှောက်ထားသူများကို ပါရမီစွမ်းအင်နှင့် LPG ဓာတ်ငွေ့အကြောင်း၊ ခေါင်းဆောင်မှု၊ အောင်မြင်သောစီးပွားရေးလုပ်ငန်းလည်ပတ်မှု အခြေခံအသိပညာ၊ဖြန့်ချိရေးလုပ်ငန်းစဉ် နှင့် ပါရမီ LPG ဓာတ်ငွေ့အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်လာနိုင်မည့်လိုအပ်ချက်များ အစရှိသည့် ခေါင်းစဉ်များအား တစ်ရက်တာသင်တန်းတွင် သင်တန်းပို့ချသွားမည်ဖြစ်သည်။

အရောင်းကိုယ်စားလှယ်အဖြစ်စာရင်းပေးသွင်းပြီးသောသူများအား နောက်တစ်ဆင့် သင်တန်းပို့ချသွားမည် ဖြစ်ပြီး LPG ( Lquid Petroleum Gas)နှင့် ပတ်သက်သော အကြောင်းအရာများ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ရေး နည်းလမ်းစဉ်များ၊ သင့်လျော်သော တပ်ဆင်ခြင်းနည်းလမ်းများ၊ ရောင်းအားနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာအစီရင်ခံစာများနှင့် ဝယ်ယူသုံးစွဲသူများ၏ အချက်အလက်များအား စာရင်းပြုစုနည်းနှင့် လေ့လာနည်း အစရှိသော ခေါင်းစဉ်များအပေါ် အသေးစိတ်သင်ကြားပြသသွားမည်ဟု ပါရမီမှ ထုတ်ပြန်ထား သည်။

အသေးစိတ် အချက်အလက်များအား https://www.facebook.com/paramilpggas/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး လျှောက်လွှာများအား http://join.paramilpg.com သို့ ဝင်ရောက်ကြည့်ရှု၍ဖြစ်စေ ဖုန်းနံပါတ် 099-69-79-89-99 သို့ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။

ပါရမီ LPG ဓာတ်ငွေ့ကုမ္ပဏီသည် သန်လျင်တွင်ရှိသော အစိုးရပိုင် LPG ဓာတ်ငွေ့စက်ရုံစီမံခန့်ခွဲပိုင်ခွင့်လိုင်စင် အား၂၀၁၇ ခုနှစ်တွင် ရရှိခဲ့သောကုမ္ပဏီ ဖြစ်သည်။

#Advs