NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀သိန်းကျော်အထိ စံချိန်တင် မြင့်တက်

.

Photo-AFP

စက်တင်ဘာ ၁၈ ။         ။ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တစ်ကျပ်သား လျှင် ကျပ် ၁၀သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။

“လောလောဆယ်တော့ ဒေါ်လာဈေးကြောင့် ပြည်တွင်း ရွှေဈေးက လိုက်ပါမြင့်တက်သွားတယ်။ ဈေးတက်နေ တော့ ရောင်းလိုအားများပါတယ်။ ဈေးကျချိန်မှာ ၀ယ်ထားတဲ့သူတွေ ပြန်ရောင်းကြတာများပါတယ်” ဟု ဦးဝင်း မြင့် ကပြောသည်။

လက်ရှိ ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၁၀၀၂၀၀၀ ဈေးပေါက်နေပြီး ကမ္ဘာ့ရွှေဈေးမှာ တစ် အောင်စလျှင် ၁၁၉၅ ဒေါ်လာ ဈေးပေါက်နေကြောင်း ရွှေအရောင်းအ၀ယ်လုပ်ကိုင်သူများထံမှ သတင်းရရှိ သည်။

ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် စက်တင်ဘာ ၁၈ရက် နေ့လည်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၅၆၅ကျပ် ၀န်းကျင် ဈေးပေါက်နေကြောင်း လိုင်စင်ရငွေကြေးလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိ သည်။

နိုင်ငံခြားငွေဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းများလည်း မြင့်တက်လာခြင်းကြောင့် လက် ရှိတွင် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက် ကုန် ဈေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

“ရွှေဈေး ဆယ်သိန်းအထိဖြစ်တာ အံ့မခန်းပါပဲ။ဈေးတက်ပေမယ့် ရွှေအထည်တွေ ပြန်ရောင်းရင်တော့ ဆိုင်တွေက အလျှော့တွက်လက်ခ ဘာဖိုး ညာဖိုးတွေနဲ့ တွက်ချက်ပြီး ဈေးနှိမ်ကြတယ်။ အခေါက်ရွှေဝယ်စုပြီး ပြန်ရောင်ရင်တော့ အမြတ်ရနိုင်ပါတယ်။ အခုလိုဈေးတက်လာတာဟာ ရွှေထည်ဝတ်ဆင်သူတွေနဲ့ ရွှေထည် ပြန်ရောင်းတဲ့သူတွေအတွက်တော့ ပိုက်ဆံပိုပြီး လိုက်ရမယ့် သဘောဖြစ်နေတယ်”ဟု ရွှေပန်းထိမ် လုပ်ကိုင် နေသူတစ်ဦးက ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် စက်တင်ဘာလ လဆန်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၉ သိန်း၈ သောင်း ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သော်လည်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျပ် ၉သိန်း၉သောင်း ၅ထောင်ဖြင့်လည်းကောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျပ် ၉၉၅၀၀၀မှ ကျပ် ၁၀ သိန်းကျော်အထိ ဈေးနှုန်းပြောင်းလဲလာခြင်း ဖြစ်သည်။