ခွေးများကို သတ်စားလိုက်ပြီလို့ ဟာသပြောလာတဲ့ ဂျွန်နီဒက်ပ်

ခွေးများကို သတ်စားလိုက်ပြီလို့ ဟာသပြောလာတဲ့ ဂျွန်နီဒက်ပ်

နယူးယော့ခ်၊ စက်တင်ဘာ ၇ ။           ။ ကမ္ဘာကျော်သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် ၎င်း၏ခွေးများ သြစတြေးလျ နိုင်ငံအတွင်းမှ မောင်းထုတ်ခံရသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ Venice ရုပ်ရှင်ပွဲတော် တွင်ခွေးများကို သတ်စားလိုက် ပြီဟု ဟာသ ပြောကြားခဲ့သည်။

“ အမိန့်အရ ကျွန်တော့်ရဲ့ခွေးတွေကို သတ်စားလိုက်ပါတယ်။ ဒါပေမဲ့ အရသာက ချိုလားဆို တာကို ကျွန်တော် မသိပါဘူး”ဟု ဂျွန်နီဒက်ပ်က ပြောကြားသည်။ ဒက်ပ်သည် ၎င်းပါဝင် သရုပ်ဆောင် ထားသော Black Mass ဇာတ်ကား ပွဲဦးထွက်ပြသပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂျွန်နီဒက်ပ်နှင့် ဇနီးဖြစ်သူ အမ်ဘာဟက်ဒ်တို့သည် ဧပြီလက ၎င်းတို့၏ ခွေးများကို ခွင့်ပြုချက် မရှိဘဲ သြစတြေးလျ နိုင်ငံအတွင်းသို့ သယ်ဆောင်လာခဲ့ခြင်းကြောင့် သြစတြေးလျနိုင်ငံ၏ တိရစ္ဆာန် တင်သွင်းမှု ဥပဒေကို ချိုးဖောက်ခဲ့မှုအပေါ် အရှုပ်အရှင်းကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရကြောင်း E! သတင်း မီဒီယာတွင် ဖော်ပြထားသည်။

ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်ရေးဆိုင်ရာ ပြည်တွင်းအာဏာပိုင်များက ခွေးများကို နိုင်ငံအ တွင်းမှ ပြန်လည်ခေါ်ဆောင်သွားရန် ဒက်ပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်။ ဂျွန်နီဒက်ပ်နှင့် ဇနီးဖြစ်သူ အမ်ဘာ ဟက်ဒ်တို့သည် ကိုယ်ပိုင်ဂျက်လေယာဉ်ကို အသုံးပြုကာ ၎င်းတို့၏ ခွေးများကို သြစတြေးလျ နိုင်ငံအတွင်းမှ  အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီး ဘာနက်ဘီဂျိုစီက ဒက်ပ်သည်  Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားရိုက်ကူးရန် ဧပြီ ၂၁ ရက်က သြစတြေးလျနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၎င်း၏ခွေးများ ကိုမှောင်ခိုကူးခဲ့သည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။

ခွေးများကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ခေါ်ဆောင်ရန် ဂျွန်နီဒက်ပ်တို့ ဇနီးမောင်နှံ ကို  နာရီပေါင်း ၅၀ အချိန်ပေးခဲ့သည်။ ဂျွန်နီဒက်ပ်သည် Black Mass ဇာတ်ကားတွင် Winter Hill Gang လူဆိုးဂိုဏ်းခေါင်ဆောင် ဝှိုက်တီဘူလ်ဂါအဖြစ် သရုပ်ဆောင်ထားကြောင်းနှင့် အဆိုပါ ဇာတ်ကားသည် ရာဇဝတ်မှုကို ခြေရာခံသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly