NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မူးယစ်ဆေးသတင်းအရ ရှာဖွေရာ ဓားဖြင့် ပြန်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

.

မိုးကောင်း၊ စက်တင်ဘာ ၁၇ ။         ။ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၌ မူးယစ်ဆေးသတင်းအရ မသင်္ကာသူတစ်ဦးကို ရှာဖွေစစ်ဆေးရာ ဓားဖြင့် ပြန်ခုခံ၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးမှုတစ်ခု စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဆားမှော်ရဲစခန်းမှူး ဒုရဲအုပ် ထက်ဝေအောင်နှင့် တပ်ဖွဲ့ဝင်များသည် အဆိုပါကျေးရွာ ဆွတ်ငိုင်ရပ်ကွက်ရှိ ကျေးရွာလမ်းမပေါ်တွင် အသက် ၃၀ နှစ်ခန့် အမျိုးသားတစ်ဦးအား သက်သေများနှင့် အတူ မူးယစ်ဆေးသတင်းအရ ရှာဖွေရာ မသင်္ကာသူမှာ ရှာဖွေခံခြင်းမပြုဘဲ အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် စတီးဓားဖြင့် ရဲတပ်သား ၂ ဦးအား ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ဓားထိုးခံရသူ ရဲတပ်သား အောင်ရဲကျော်က ပြန်လည်ခုခံသည့် မသင်္ကာသူကို ပစ်ခတ်ခဲ့ရာ ထိုသူ၏ ညာဘက်ရင်အုံ ပေါက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့် နေရာ၌ပင် သေဆုံးခဲ့သည်ဟု မိုးကောင်းရဲစခန်း မှ သိရသည်။

အဆိုပါအခင်းဖြစ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး ဝင်းမြင့်အောင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ခင်မောင်ထွေးနှင့်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုလပိုင်းများအတွင်း ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ခုခံမှုများရှိသောကြောင့် သေနတ်ဖြင့် ပစ်ဖမ်းဆီးခဲ့ရမှုများ ရှိခဲ့ပြီး ဇူလိုင်လ ၂၈ ရက်က လှိုင်သာယာမြို့နယ်တွင် အလုပ်မှပြန်လာသူအား ဓားထောက်လုယက်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ရန်ပြုတိုက်ခိုက်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ လုယက်သူမှာ သေဆုံးခဲ့သည်။

သြဂုတ်လ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာ အရှေ့ဘက် တောင် ချောင်းအနီးရှိ လယ်တဲတစ်ခု၌ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေစဉ် ဓားဖြင့်ခုခံသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးခဲ့ရသည်။

စက်တင်ဘာလ ၉ ရက်နေ့က ပုသိမ်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ သပေါ့ကန်ကျေးရွာတွင် လူသတ်ပြီး တောထဲဝင်နေသည့်သူအား သွားရောက်ဖမ်းဆီးရာ ရဲတပ်ဖွဲ့အား ပြန်လည်ခုခံသဖြင့် ပစ်ခတ်ပြီး အသေဖမ်းဆီးရမိခဲ့သည်။