NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဆာဆူအိုလိုနဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီရော်နယ်လ်ဒို ဂိုးစသွင်းမယ်လို့ အယ်လီဂရီ ပြော

.

(ဓာတ်ပုံ - အီးပီအေ)

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စီးရီးအေ ၃ ပွဲစလုံးမှာ ဂိုးပေါက်ရှာမတွေ့ခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဆာဆူအိုလိုနဲ့ ပွဲစဉ်မှာ အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို စသွင်းမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့အတွင်း ရီးယဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ယူရို ၁၁၂ သန်း တန်ကြေးရှိ ၄ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၃၃ နှစ်အရွယ် စီရော်နယ်လ်ဒိုဟာ စီးရီးအေမှာ ဂိုသွင်းနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

“ခရစ္စတီယာနိုဟာ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေသူပါ။  ဒီနေ့ ကစားမယ့်ပွဲဟာ သူ့ရဲ့ပွဲဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်။”လို့ နည်းပြ အယ်လီဂရီက ဆာဆူအိုလိုအသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် ၃ ပွဲမှာ ဂိုးကန်သွင်းမှု ၂၃ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ဒါပေမယ့် ဂျူဗင်နည်းပြက အဆိုပါတိုက်စစ်မှူးဟာ ဒီရာသီမှာ ဂိုးအများအပြား သွင်းယူသွားလိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အယ်လီဂရီက FIFA ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆာလာနဲ့ မိုဒရစ်တို့ကို ကျော်ဖြတ်ကာ စီရော်နယ်လ်ဒိုက ရယူနိုင်မယ်လို့ ယုံကြည်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“FIFA ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စီရော်နယ်လ်ဒိုပဲ ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ မိုဒရစ်က အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့တယ်ဆိုတဲ့တိုင် စီရော်နယ်လ်ဒိုပဲ ရမယ်လို့ ထင်ပါတယ်။”လို့ အယ်လီဂရီက ပြောပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ပွဲစဉ် ၃ ပွဲစလုံး နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယားမှာ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပါတယ်။

Ref; EFE-EPA