ပြည်ပရောက် မြန်မာနိုင်ငံသား သန်းနဲ့ချီ မဲပေးခွင့် ဆုံးရှံုးရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ပြည်ပရောက် မြန်မာနိုင်ငံသား သန်းနဲ့ချီ မဲပေးခွင့် ဆုံးရှံုးရတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

အခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ တောင် မလိုတော့ပါဘူး။ သေချာ တာ တစ်ခုကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသား သန်းနဲ့ချီ မဲပေး ခွင့် ဆုံးရှုံးတော့မယ် ဆိုတာပါ။ ဘာကြောင့် အဲလို ပြောနိုင်တာလဲ၊ အဲဒီပြဿနာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ ဒီကနေ့ ဆွေးနွေး သုံးသပ်ကြည့်ရအောင်ပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ လကုန် အထိ ပြည်ပကနေ မဲပေးဖို့ လျှောက်ထားသူ အယောက် ၁၉,၀၀၀ နီးပါးပဲ ရှိသေးတယ်လို့ ဆို ပါတယ်။ လူဦးရေ ၂ သောင်းတောင် မပြည့်ပါဘူး။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီစာရင်း ဟာ နောက်ဆုံးစာရင်း မဟုတ်သေးဘူး၊ လျှောက်ထားသူ နောက်ထပ် ရှိနိုင်သေးတယ်လို့ ဆို ထားပေမယ့် နောက်ထပ် သိပ်အများကြီး လျှောက်ထားဖို့တော့ မမျှော်မှန်းနိုင်ပါဘူး။ ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးရမယ့် နေ့ကို အောက်တိုဘာ ၁၇ ရက်အဖြစ် သတ်မှတ် ခဲ့ပြီးဖြစ် လို့ အချိန်လည်း သိပ်ကျန်တော့တာ မဟုတ်လို့ပါ။ ဒီလို ဘာကြောင့် ဖြစ်ရတာပါလဲ။

မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေသူ စုစုပေါင်း ၂ သန်းကျော် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းနဲ့ မလေးရှားမှာ တရားမဝင် သွားရောက် အလုပ်လုပ် ကိုင်နေသူတွေ ကို နှုတ်ပယ်လိုက်ရင်တောင် တရားဝင် အလုပ်သွားလုပ်နေကြသူပေါင်း တစ်သန်းဝန်းကျင် ရှိပါတယ်။ အများဆုံးကတော့ ထိုင်းနိုင်ငံမှာပါ။ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သွားလုပ်နေသူတွေဟာ အစိုးရက ထုတ်ပေးထားတဲ့ အလုပ်သမားပတ်စ်ပို့ စာအုပ်တွေ ရှိပါတယ်။ ထိုင်းနိုင်ငံဘက်က ထုတ်ပေးထားတဲ့ အလုပ်သမား ဗီဇာ ရှိကြပါတယ်။ ဒါဟာ တရားဝင် အလုပ်သွားလုပ်နေကြတာ ဖြစ်ပြီး အဲဒီလူတွေ မဲပေးနိုင်ဖို့ စီစဉ်ပေးရမှာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ သံရုံးတာ ဝန်ရှိသူတွေ ဖြစ်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မစခင် အစောကြီးကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းတွေအများကြီး မေးကြပါတယ်။ နိုင်ငံရပ်ခြားမှာ တရားဝင် အလုပ်သွားလုပ်နေ ကြသူတွေ ဆိုတာ ဘယ်လို သတ်မှတ်သလဲ၊ သူတို့တွေ အားလုံး မဲပေးနိုင် ဖို့ ဘယ်လို စီစဉ်ပေးမလဲ ဆိုတာတွေပါ။ ကော်မရှင်ဘက်က အဲဒီ “တရားဝင် အလုပ်သမား” ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း ပြောဆိုတာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ပတ်စ်ပို့၊ ဗီဇာနဲ့ ထိုင်းကို တရားဝင်အလုပ်သွားလုပ်နေသူ အလုပ်သမားတွေကို မဲပေးခွင့်ပြုမယ်၊ မပြုဘူး တစ်ကြိမ်တစ်ခါမှလည်း ကတိပေး ပြောဆိုတာ မရှိခဲ့ပါဘူး။ အခုနောက်ဆုံး အခြေအနေအရ အဲဒီ အလုပ်သမားတွေ အားလုံးလိုလိုလောက်ဟာ မဲပေးခွင့် လုံးဝ မရတော့ဘူးဆိုတဲ့ သဘော သွားသက်ရောက်နေပါတယ်။

အလားတူ သံရုံးမှာ စာရင်းပေါက်ပါတယ်ဆိုတဲ့ မြန်မာအလုပ်သမားတွေလည်း မနည်း ပါဘူး။ စင်ကာပူမှာဆိုရင် လူဦးရေ တစ်သိန်းဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် စင်ကာပူမှာ မဲပေးဖို့လျှောက်လွှာပို့သူ ၈,၀၀၀ လောက်ပဲ ရှိနေတဲ့ အနေအထားက လူအ များစုကြီး မဲပေးခွင့် ဆုံးရှုံးတော့မယ်ဆိုတဲ့ အနေအထားကို ပြသနေပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော် မရှင်ဘက်က တုန့်ပြန်တာက သူတို့အနေနဲ့ ပြည်ပရောက် တရားဝင် မြန်မာအလုပ်သမားတွေ၊ ပညာတော်သင်တွေ၊ အစိုးရဝန်ထမ်းတွေ မဲပေးခွင့်ရှိတဲ့ အကြောင်း၊ အဲဒီလူတွေ မဲပေးနိုင်ဖို့ သံရုံးကို အဆိုပြုလွှာ ပေးပို့ရမယ်ဖြစ်ကြောင်း၊ အဆိုပြုလွှာ တွေကို အွန်လိုင်းမှာ တင်ထားသလို၊ သံရုံးမှာလည်း ထုတ်ယူနိုင်တဲ့အကြောင်း ရှင်းပါတယ်။

မဲပေးလိုသူ တစ်ယောက်ဟာ အဲဒီအဆိုပြုလွှာပါ ပုံစံတွေကို ဖြည့်စွက်ပြီး သံရုံးကို လိပ်မူပေးပို့ ရပါမယ်။ သံရုံးကနေတစ်ဆင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ပြီး အဲဒီကမှတစ် ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပို့ပါမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ကမှတဆင့် သက်ဆိုင်ရာ မဲဆန္ဒရှင်ရဲ့ တိုင်း၊ ဒါမှမဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဆင့် ပေးပို့ပြီးနောက် မဲစာရင်းမှာ ပါမပါနဲ့ မဲစာရင်းမှာပါပြီး မဲပေးခွင့်ရှိတဲ့သူဆိုရင် မဲလက်မှတ် ကို လာရာလမ်းအတိုင်း အဆင့်ဆင့် ပြန်ပေးပို့၊ နောက်ဆုံး သက်ဆိုင်ရာ နိုင်ငံသံရုံးကိုရောက် ပါမယ်။ မဲပေးမယ့်သူဟာ သတ်မှတ်နေ့ရက်မှာ အဲဒီ သံရုံးကိုသွားပြီး မဲပေးရမယ်လို့ ဆိုထား တာပါ။

တကယ့်တကယ် ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြဋ္ဌာန်းထားတာက ကော်မရှင်အ နေနဲ့ ပြည်ပရောက် မဲဆန္ဒရှင်စာရင်းကို အသေအချာ ပြုစုပြီး သူတို့တွေ မဲပေးနိုင်ဖို့ ပုံစံ (၁၅) ဆိုတာကို သူတို့နေထိုင် ရာအရောက်ဖြန့်ဖြူးပေးရမယ်လို့ ဆိုထားတာပါ။ အခုတော့ ပြည်ပ ရောက်နေသူ တစ်ယောက်ယောက်ဟာ မဲပေးချင်ရင် ကိုယ့်ဖာသာကိုယ် သတင်းအချက်အ လက် စုံစမ်း၊ ကိုယ့်ဖာသာကိုယ် အင်တာနက် ကနေ ပုံစံကို ဒေါင်းလော့လုပ်ယူ၊ ဒါမှမဟုတ် သံရုံးသွားယူ ဆိုတာမျိုး လုပ်ရမှာမို့ အများစု လုပ်ကိုင်နိုင်ဖို့ ခက်ခဲသွားစေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သား သန်းနဲ့ချီ မဲပေးခွင့် မရဘူးဆိုရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာပဲဖြစ် ပြီးဒီအတွက်ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှာပဲ တာဝန်ရှိပါတယ်။ ဒါကို အပြစ်တင် တယ်ဆိုပြီး တာဝန်ကို ရှောင်လွဲှငြင်းဆန်နေလို့ မရနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags