NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

စူပါမုန်တိုင်း လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ၀င်ရောက်မည်

.

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။                   ။ ဖိလစ်ပိုင်နိုင်ငံတွင် တစ်နာရီလျှင် ၁၆၆ မိုင်နူန်းဖြင့်တိုက်ခတ်နေသည့် ဖျက်အားပြင်းစူပါတိုက်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံကိုဖြတ်ကျော်ပြီးနောက် လေပွေလှိုင်းအဖြစ်သို့ပြောင်းကာ မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဟု မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်ကခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံရှိ လူဇုံကျွန်းကိုဖြတ်သန်းပြီးနောက် အနောက်မြောက်ယွန်းယွန်း အရပ်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာ ၁၆ ရက် ရက်နေ့ညနေပိုင်းတွင် တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းခြေ ဟောင်ကောင်ကျွန်းနှင့် ဟိုင်နန်ကျွန်းတို့ကြားမှ ဖြတ်ဝန်းဝင်ရောက်မည်ဟု ၄င်းက ခန့်မှန်းထားခြင်းဖြစ်သည်။

ထို့နောက် အနောက်တောင်အအရပ်သို့ ရွေ့လျားကာအားလျော့ပြီး စက်တင်ဘာ ၁၉ရက် နေ့လယ်ပိုင်းတွင် အရှေ့လေပွေလှိုင်း (လေဖိအားနည်းရပ်ဝန်း) အဖြစ်မြန်မာနိုင်ငံကိုဝင်ရောက်မည်ဖြစ်သည်။

“ Typhoon MONGKHUT ရဲ့လက်ရှိအခြေအနေမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်သန်းသွားပြီး မိုးရွာ သွန်းစေနိုင်ပါတယ်”  ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကပြောသည်။

အဆိုပါမုန်တိုင်း မြန်မာနိုင်ငံသို့ဖြတ်သန်းဝင်ရောက်မည့်ကိစ္စနှင့် ပတ်သက်၍ မိုးလေ၀သနှင့် ဇလဗေဒ ညွှန့်ကြားမှုဦးစီးဌာနမှ တစ်စုံတစ်ရာ သတိပေးထားခြင်း မျိုးမရှိသေးပေ။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၂ ရီခွဲခန့်အချိန်တွင် အရှေ့လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တို့ကို ဖြတ်သန်းသွားနိုင်ကြောင်းလည်း ၄င်းကဆိုသည်။

ထိုသို့မြန်မာနိုင်ငံအတွင်းဖြတ်သန်းသွားစဉ် မိုးရွာခြင်းနှင့် အတူ လေတိုက်ခတ်မှုများမှာ တစ်နာရီ ၂၅ မိုင်နူန်းဖြင့် တိုက်ခတ်နိုင်ပြီး လေပုန်း တိုက်ခတ်မှု အနေဖြင့် တစ်နာရီမိုင် ၃၅ မိုင်နူန်းထိရှိနိုင်ကြောင်းဦးထွန်းလွင်က သူ့၏ လူမှုကွန်ရက်မှတဆင့် သတိပေးထားသည်။