NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လကမ္ဘာပတ်ခရီးသွားဧည့်သည် အစီအစဉ်သစ်ကို SpaceX ကြေညာ

.

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၄ ။           ။ အာကာသ SpaceX ကုမ္ပဏီကြီးဟာ လကမ္ဘာပတ်ခရီးစဉ်ကို တိုးရစ်တွေကို စေလွှတ်မယ့် အစီအစဉ်သစ်ကို စက်တင်ဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။

လကမ္ဘာကို ပတ်ချင်ကြသူတွေအတွက် Big Faalcon Rocket BER ကို အသုံးပြုစေလွှတ်မှာပါ။ ဒီ ဒုံးပစ်ယာဉ် BER ဟာဆိုရင် အာကာသနက်ထဲ လူတွေကို သယ်ဆောင်သွားဖို့ ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။

“SpaceX ဟာ လကမ္ဘာပတ်ခရီးစဉ်ကို လူတွေကို ပို့ဆောင်မယ့် ပထမဆုံး ကုမ္ပဏီကြီးအဖြစ် လက်မှတ်ထိုးထားပါပြီ။ ကျွန်တော်တို့ရဲ့ BER ပစ်လွှတ်ယာဉ်ပေါ်ကနေ လကမ္ဘာကို  ပတ်မှာ ဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ ခြေလှမ်းဟာ အာကာသထဲ သွားချင်တဲ့ အိပ်မက်မက်နေတဲ့ သူတိုင်းအတွက် နေ့စဉ် လုံးပမ်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။”လို့ ကုမ္ပဏီက တွစ်တာမှာ ရေးသားပါတယ်။

SpaceX အနေနဲ့ အသေးစိတ်တော့ မပြောသေးပေမယ့် လာမယ့် တနင်္လာနေ့မှာ ပိုမိုသတင်းအချက်အလက်တွေ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ခုလို လကမ္ဘာပတ် ခရီးစဉ်ကို ကြေညာတာဟာ SpaceX အတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ အင်တာနက်စွန့်ဦးလုပ်ငန်းရှင်နဲ့ Tesla လျှပ်စစ်ကား CEO အီလွန်မတ်စ်ဦးဆောင်တဲ့ ကယ်လီဖိုးနီးယားအခြေစိုက် SpaceX ဟာ လပတ်ခရီးစဉ်ကို ယခင်ကလည်း ကြေညာဖူးပါတယ်။

၂၀၁၇ ဖေဖော်ဝါရီလအတွင်းက SpaceX ကုမ္ပဏီဟာ ၂၀၁၈ နောက်ပိုင်းမှာ ကမ္ဘာမှာ ပထမဆုံး လကမ္ဘာခရီးသွားနှစ်ဦးကို စေလွှတ်မှာဖြစ်ကြောင်း ကြေညာထားခဲ့ဖူးပါတယ်။