ဝင်ငွေပေါင်သန်း ၅၀၀ အထက်ရရှိထဲ့ ဒုတိယမြောက် ဗြိတိန်ကလပ်အသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

.

(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဝင်ငွေ ပေါင် ၅၀၀.၅၀ သန်း ရရှိခဲ့တာကြောင့် သမိုင်းကြောင်းတစ်လျှောက် ပေါင်သန်း ၅၀၀ အထက်ရရှိတဲ့ ဒုတိယမြောက် ဗြိတိန်ကလပ်ဖြစ်လာပါတယ်။

အာရပ်ဘီလျံနာ ရှိတ်မန်ဆော်က မန်စီးတီးအသင်းကို ဝယ်ယူခဲ့နောက်ပိုင်း ၁၀ ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ နောက်ဆုံး ၅ နှစ်နဲ့ ၆ နှစ်နီးပါးအတွင်း ဝင်ငွေ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်ဟာ ဥရောပမှာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပြီးနောက် ဝင်ငွေ ပေါင်သန်း ၅၀၀ အထက်ရရှိတဲ့ ၅ သင်းမြောက် အသင်းလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ အမှုဆောင်ချုပ် ဆိုရီယာနိုက ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်လိုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်တစ်ခုအထိ တက်ရောက်ရန် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“အားကစားလောကဟာ စိန်ခေါ်မှုတွေနဲ့ ရှေ့ဆက်နေတယ်လို့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ပြည်တွင်းမှာ အောင်မြင်တွေ ရယူနိုင်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ထပ်  တိုးတက်မှုရရှိအောင် ပစ်မှတ်ထားလုပ်ဆောင်ပါမယ်။ အခုမှတ်တိုင်သစ်က ကျနော်တို့ ကာလရှည်ချက်မှတ်ထားတဲ့ ဗျူဟာမြောက် အကောင်အထည်ဖော်မှုရဲ့ အကျိုးရလဒ်တစ်ခုပါ။ လှပတဲ့ ကစားပုံနဲ့အတူ ဆုဖလားများစွာ ရယူနိုင်တဲ့အသင်းဖြစ်လာအောင် လုပ်ဆောင်သွားမှာပါ”လို့ ဆိုရီယာနိုက ပြောပါတယ်။

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်လက်ထက် အစောပိုင်းက အသင်းမှာ ကြီးမားတဲ့ အရှုံးပေါ်ခဲ့ပြီးနောက်ပိုင်း စီးတီးအသင်းဟာ ၄ ရာသီဆက်တိုက် ပေါင် ၁၀.၄ သန်း အမြတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီအသင်း ဥက္ကဌဖြစ်သူ အယ်လ်မူဘာရက်က “ကျနော်တို့ရဲ့ ခရီးစဉ်က မဆုံးသေးပါဘူး။ ကျနော်တို့ ပစ်မှတ်တွေ အများကြီးအတွက် ဖြည့်စည်းဖို့ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမြဲပိုပြီး ကြိုးစားရပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ က မြို့ခံပြိုက်ဘက် မန်ယူအသင်းကို စံချိန်တင် ၁၉ မှတ်ဖြတ်ကာ ချန်ပီယံဆုဖလားဆွတ်ခူးခဲ့သလို ရမှတ် ၁၀၀ နဲ့ ဂိုး ၁၀၀ အထက်သွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကလပ်ဖြစ်လာပါတယ်။

Ref; Telegraph

Tags: