အမှိုက်ပြဿနာကို မီးမောင်းထိုးပြတဲ့ ပြပွဲ ထိုင်းနိုင်ငံတွင် ပြုလုပ်

.

ဘန်ကောက်၊ စက်တင်ဘာ ၁၃ ။        ။ ကမ္ဘာ့မှာ စွန့်ပစ်အမှိုက်အများဆုံး ထွက်ရှိတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အမှိုက်ပြဿနာကို မီးမောင်းထိုးပြတဲ့ ပြပွဲတစ်ရပ်ကို စက်တင်ဘာ ၁၃ ရက်မှာ အများပြည်သူကို ဖွင့်လှစ်ပြသခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးမြှင့်တင်မှု ရန်ပုံငွေအဖွဲ့က ကမကထပြုတဲ့ ဒီပြပွဲမှာ ပလတ်စတစ်ရေဘူးတွေ၊ သကြားလုံးအခွံတွေ၊ စွန့်ပစ်စတီယာရင်လက်ကိုင်ဘီးတွေနဲ့ အိမ်သာကမုတ်ခုံတွေအပါအ၀င် စွန့်ပစ်ပစ္စည်းအများအပြားကို ပြသထားတာ ဖြစ်ပါတယ်။

လာရောက်လည်ပတ်သူတွေဟာ ဒီပြသထားတဲ့ စွန့်ပစ်အမှိုက်အမျိုးမျိုးကို ရေတွက်ကြသလို နိုင်ငံရဲ့ အမှိုက်သိမ်း၊ အမှိုက်စွန့်အကြောင်းကိုလည်း သင်ယူကြပါတယ်။

ပြပွဲမှာဆိုရင် နိုင်ငံရဲ့ စားသုံးသောက်စားမှုနဲ့ အမှိုက်ပြဿနာတို့ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုလေးတွေကိုလည်း ပြသထားတာ ဖြစ်ပါတယ်။

“အမှိုက်ကင်းမဲ့တဲ့အထိ ချီတက်ကြစို့၊ စွန့်ပစ်အမှိုက်တွေ မရှိတဲ့ နေထိုင်မှုဘ၀ဟာ စွန့်ပစ်အမှိုက်တွေကို စီမံခန့််ခွဲတတ်အောင် သင်ကြားပေးပါမယ်။ နိုင်ငံဟာ အမှိုက်ပြဿနာမှာ ရုန်းကန်နေရပါတယ်။”လို့ ထိုင်းအမျိုးသားသတင်းဗျူရိုနဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို ကိုးကားပြီး ပွဲစီစဉ်တဲ့ ညွှန်ကြားရေးမှူး အဒူယာနွန်က ပြောခဲ့ပါတယ်။

ဒီပြပွဲကို ၂၀၁၉ ဇန်န၀ါရီ ၃၁ ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။