ပစိဖိတ်ကုန်သွယ်ရေးသဘောတူညီမှုမှာ ပါဝင်ရန် အမေရိကန်ကို ဂျပန်နဲ့ ဗီယက်နမ် တိုက်တွန်း

.

ဟနွိုင်း၊ စက်တင်ဘာ ၁၃ ။              ။ ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီမှုမှာ  အမေရိကန် ပြန်လည်ပါဝင်လာဖို့ စက်တင်ဘာ ၁၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီပဋိညာဉ်ကနေ သမ္မတ ဒေါ်နယ်ထရမ့်က နုတ်ထွက်သွားပြီး နှစ်နှစ်နီးပါးအကြာမှာ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ခုလို တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့က ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ပြုမှု TPP ကုန်သွယ်ရေးပဋိညာဉ်က ရွေးကောက်ပွဲအနိုင်ရပြီးနောက်မှာပဲ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

“အမေရိကန် ပထမ” မဲဆွယ်ဆောင်ပုဒ်အတိုင်း ၁၂ နိုင်ငံပါဝင်တဲ့ ဒီသဘောတူညီမှုဟာ အလုပ်အကိုင်တွေကို သုတ်သင်ပစ်နေတယ်ဆိုပြီး နုတ်ထွက်သွားခဲ့တာပါ။