AFC U16 Women Championship 2018 Qualifiers ပြိုင်ပွဲဝင် မြန်မာ ယူ ၁၆ အမျိုးသမီးအသင်း၏ ပွဲစဉ်ဇယားထုတ်ပြန်

.

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ။             ။ နီပေါနိုင်ငံတွင်ကျင်းပမည့် AFC U16 Women Championship 2018 Qualifiers အာရှခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၆ အသင်း၏ ပွဲချိန်ဇယားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၆ အသင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မလေးရှားအသင်း၊ စက်တင်ဘာလ ၂၁ရက်နေ့တွင် အိမ်ရှင် နီပေါအသင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၆ အသင်းသည် AFC U16 Women Championship 2018 Qualifiers အာရှခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာလ ၁၇ရက်နေ့တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စင်ကာပူ ယူ ၁၆ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ ၂ ပွဲ ကစားခဲ့ပြီး ၂ပွဲစလုံးကို မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၆ အသင်းက အနိုင်ရရှိထားသည်။

AFC U16 Women Championship 2018 Qualifiers ကို အုပ်စု ၆ ခု၊ အသင်းပေါင်း ၃၀ ဖြင့် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး AFC U16 Women Championship 2017 Qualifiers ပြိုင်ပွဲတွင် မြောက်ကိုရီးယား အမျိုးသမီး ယူ ၁၆ အသင်းက ဗိုလ်စွဲခဲ့သည်။