အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ

07 September 2015
အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ

WYNNLAND International co. ltd Country Director ဒေါ်ခင်ခင်သစ်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ စက်တင်ဘာ ၇ ။           ။ လူတွေဟာ အောင်မြင်မှုကို ရရှိဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားနေကြရပါတယ်။ အောက်ဆုံးဘဝကနေ ကြိုးစားရုန်းကန်ရင်း အောင်မြင်လာကြသူတွေရှိသလို ပြည့်စုံပြီးသား ဘဝတွေကနေ အောင်မြင်မှုတွေကို ဆက်တိုက်ရှာဖွေနေကြသူတွေလဲ ရှိနေပါတယ်။

ဒီတစ်ပါတ် အစီအစဉ်မှာ တင်ဆက်ပေးချင်တဲ့သူကတော့ ဒေါ်ခင်ခင်သစ်ပဲ ဖြစ်ပ့ါတယ်။ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာရှိတဲ့ အစိုးရကျောင်းတစ်ကျောင်း ကနေ အလယ်တန်းပြ ဆရာမအဖြစ် လုပ်ကိုင်နေရင်းက သူမရဲ့ ဘဝဟာ တစ်ဆစ်ချိုးလို စီးပွားရေး လောကထဲ ရောက်ရှိ လာခဲ့ပါတယ်။

Supplements လို့ခေါ်တဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ဖြည့်စွက် အဟာရအားဆေးများကို GNC အနေနဲ့ အမေရိကန်နိုင်ငံမှ စတင်တင်သွင်းပြီးတော့ မြန်မာပြည်သူ ပြည်သားတွေကို မိတ်ဆက်ပေးခဲ့သူ လည်း ဖြစ်ပါတယ်။

ဘဝရဲ့ အနိမ့်အမြင့် အချိုးအကွေ့တွေကြား ထဲမှာ ရင်ဆိုင်ကြိုးစားရင်း ယခုအချိန်မှတော့ WYNNLAND International co. ltd Country  Director အဖြစ်နဲ့ လုပ်ကိုင်နေပါပြီ။ ဒါ့အပြင် ရန်ကုန်နေပြည်တော်နဲ့ မန္တလေးမြို့များ မှာ TLC အနေနဲ့ Shwe Room ပေါင်း ၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် နောက်ထပ်လည်း တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေသူ လည်းဖြစ်ပါတယ်။

အလယ်တန်းပြ ဆရာမဘဝကနေ စီးပွားရေးလောကထဲကို ရောက်ရှိလာပြီး အခု လိုမျိုး အောင်မြင်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုမျိုး ကြိုးစားခဲ့တယ်ဆိုတာကို ပရိတ်သတ်တွေလဲ သိရှိနိုင်စေဖို့ ဒီတစ်ပါတ်မှာတော့ WYNNLAND International co. ltd Country Director ဒေါ်ခင်ခင်သစ်နဲ့ စကားပြောကြည့်ပါမယ်။

အလုပ်လုပ်နေတာ အောင်မြင်ဖို့အတွက်လား၊ ဘာပဲပြောပြော နယ်ပယ်အသီးသီးက လူတွေဟာ ကြိုးစားမှုကြောင့် အောင်မြင်မှုတွေ ရရှိနေကြပါတယ်။ သူတို့တွေ ဘယ်လိုမျိုးရုံးကန် ကြိုးစားခဲ့တာလဲ ကြည့်ရအောင်ပါ။
 အန်တီရဲ့ ဘဝအကြောင်းတွေ ပထမဦးဆုံးအနေနဲ့ ပြောပြပေးပါဦး။

ဒေါ်ခင်ခင်သစ်ပါ  ဒီ WYNNLAND International co. ltd Country  Director ဒါရိုက်တာ အနေနဲ့ လုပ်ပေးနေပါတယ်။ အန်တီရဲ့ အဖေကတော့ ဒေါက်တာ ဦးအောင်ဆန်းပါ မေမေကကျောင်း ဆရာမကြီး မွေးချင်း ၃ ယောက်ရှိတယ် အန်တီက အကြီးဆုံး။ အန်တီအမျိုးသားက ဒေါက်တာ ကျော်ဌေးဦးပါ အန်တီမှာ သားတစ်ယောက်ရှိတယ်ပေ့ါ အန်တီ ၁၉၉၃ မှာ ပေါ့နော် BSc Honours နဲ့ ဘွဲ့ရလာတယ်။

၁၉၈၃ မှာ B.Ed ထပ်ရတယ်။ အန်တီစပြီးတော့ ဘွဲ့ရပြီးကတည်းကပေ့ါ အစိုးရ ကျောင်းဆရာမ အနေနဲ့ လုပ်ခဲ့ပါတယ်။ နှစ် ၂၀ လောက်လုပ်ခဲ့တယ်။ လုပ်ခဲ့ပြီးတော့မှ အန်တီ Private School ကိုပေ့ါ ပြောင်းခဲ့တယ်။ Crane International School မှာ ခြောက်နှစ်လောက် ဆရာမ အနေနဲ့လုပ်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ B.Ed ဘွဲ့ ရရှိခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့မှာရှိတဲ့ ဒဂုံ(၁) ကျောင်းမှာ ကျောင်းဆရာမ အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ နောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ တောင်တွင်းကြီး မြို့ကို လိုက်ပါသွားပြီး အဲ့ဒီမြို့ကလေးမှာဘဲ အလယ်တန်းပြ ဆရာမအဖြစ် အနှစ် ၂၀ လောက် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ဒါကြောင့်လည်း တောင်တွင်းကြီးမြို့မှာ ရှိတဲ့ ဒီကျောင်းလေးဟာ သူမ အတွက်တော့ အမြဲတမ်း အမှတ်တရ ရှိတယ်လို့ ပြောပြပါတယ်။
 
အန်တီက စာသင်တာ အရမ်းသဘောကျတယ် အဲ့ဒီတော့ အရမ်း ပျော်ခဲ့တယ်။ အန်တီဘဝလေးမှာ ကလေးတွေနဲ့ နေရတာလည်းပျော်တယ်၊ အန်တီစာသင်တဲ့ Teaching ကိုလည်း သဘောကျ တယ်နောက် ဆရာမတွေနဲ့ ပေါင်းရတော့ပေ့ါလေး ဘာဘဲပြောပြော Basic ချင်းကတော့ မတူဘူးပေ့ါ။ မတူတဲ့ အတွက်ကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပေ့ါ အဲ့လိုမျိုးလေးတွေနဲ့ပေါင်းခဲ့ ရတော့ ဖြူစင်တဲ့ဘဝလေးပေ့ါနော်။

နယ်ကျောင်းတွေဟာ သူသံယောဇဉ်ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်ပေမဲ့လည်း သားသမီးရဲ့ ပညာရေး အတွက်ကြောင့် ရန်ကုန်ကို ပြောင်းရွေ့ဖို့ သူမကိုယ်တိုင် မိသားစုကို တိုက်တွန်းခဲ့ရသူပါ။

အန်တီက ၂၀၀၄ မှာ ပြောင်းခဲ့တာပါ။ အဓိကတော့ ကလေးပညာရေးပေ့ါနော် ကလေးပညာရေးနဲ့ ရန်ကုန်က ကျောင်းတွေနဲ့ နောက် တက္ကသိုလ်တွေ တက်ဖို့ရှိတယ်ဆိုတော့ ဘာဘဲဖြစ်ဖြစ်ပေ့ါ တစ်မိသားစုလုံး ရွေ့လာတာပါ။ အန်တီ့ အမျိုးသားလည်း အောင်ရတနာ ဆေးရုံမှာ လုပ်တယ်လေ။

အန်တီ့ အမျိုးသားက ဆရာဝန်တစ်ယောက်ဆိုတော့ သူ့ရဲ့ မြို့ သံယောဇဉ်ကိုကော။

ရှိတာပေါ့ သူ့မြို့ဆိုတော့သံယောဇဉ်ရှိတာပေါ့။ အခုဆိုရင် နှစ်တိုင်း ကို ပြန်ပြန်ပြီးတော့ လည်တယ်။ သူ့ရဲ့ Native Life ဆိုပြီးတော့ ပိုပျော်တယ်။ အန်တီက ခရီးတွေထွက်လို့ ဆိုလို့ရှိရင် သွားရင် သူ့ကိုခေါ်ရင် သူက ပြန်ချင်လို့ရှိရင် တောင်တွင်းကြီးဘဲပြန်တယ်။ သူက တောင်တွန်းကြီးကို အလွန်ချစ်တယ်။

တောင်တွင်းကြီးကနေ ရန်ကုန်ကို ရောက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာလည်း မိမိဝါသနာပါတဲ့ ပညာသင်ကြားရေး အပိုင်းကို တစ်စိုက်မတ်မတ် ဆက်လုပ်ဖို့ ကြိုးစားရင်း အလုပ်အကိုင်သစ်ကို ဆက်လက် ရှာဖွေခဲ့ပါတယ်။ ပင်ကိုယ်ကလည်း ကျောင်းဆရာမ အလုပ်ကိုသာ ဝါသနာပါသူဖြစ် တာကြောင့်  စာသင်တဲ့အလုပ်ကို ဆက်ပြီးတော့ လုပ်သွားခဲ့ပါတယ်။

 အန်တီက ကျောင်းထွက်လာတာလေ အစိုးရကျောင်းကနေ ထွက်လာတာ။ ထွက်လာတော့ အန်တီ အင်တာဗျူးတွေ ဝင်တယ်။  International School မှာ အင်တာဗျူးတွေ ဝင်ပြီးတော့ အန်တီကတော့ Teaching ဆိုပြီးတော့ ကိုယ့် Professional ကို ဆက်ပြီးတော့ လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်တော့ နှစ်ကျောင်းလောက် ထင်တယ် အန်တီ အင်တာဗျူးလိုက်တာ ဒီ Crane မှာ ဆရာမအနေနဲ့ ရခဲ့တာပေ့ါ။

အန်တီအနေနဲ့ကော အဲ့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့ အမှတ်တရလေးတွေကော ရှိသေးလား။

အမှတ်တရတွေကတော့၊ အဲ့ဒီတုန်းကလဲ အန်တီက ဟို မူလတန်း ကျောင်းဆရာမ လုပ်ခဲ့တာပေ့ါနော်။ အားလုံးဆရာတွေလဲ သဘောကောင်းပါတယ်။ အန်တီအစောပိုင်တော့ ကလေးတွေ အားလုံးကို Crane မှာ ဟိုမူကြို ကနေပြီးတော့ ဆယ်တန်း အထိပေါ့နော် ကလေးတွေအားလုံးက အင်္ဂလိပ်လို့ ပြောကြတာကိုး။ ဒါပေမဲ့ အန်တီ သင်ယူချင်တယ် ကြိုးစားချင်တယ် အန်တီ အင်္ဂလိပ်စာ တိုးတက်တာကို လည်း ရတဲ့အတွက်ကြောင့် ပျော်တယ်။ ကျောင်းဆရာမ ဘဝကနေပြီးတော့ စီးပွားရေး လောကထဲကို ရောက်အောင် ဘယ်လိုမျိုး အကြောင်းအရာက ဘယ်လိုအလှည့်အပြောင်းက ရောက်လာစေတာလဲ။

ဆရာမအဘဝအနေနဲ့ ၂၆ နှစ်လောက်ကို ကြာကြာကြီးပေါ့နော် ဆရာမအနေနဲ့ လုပ်ခဲ့တယ်။ နောက်ကလေးတွေပေ့ါ တစ်လေးတစ်စားရှိတယ် ဆိုတော့ အန်တီ တတ်တဲ့ပညာတွေနဲ့ သူတို့ကို ပညာပေးဝေးရင်းနဲ့ အန်တီရဲ့ First Professional Life ပေါ့ အဲ့ဒါကိုတော့ အန်တီ အရမ်းကို ကျေနပ်မိပါတယ်။

အဲ့ဒီနောက် ၂၀၁၀ လောက်မှာပေ့ါ အခု အန်တီရဲ့ ညီမအငယ်ဆုံး ဒေါက်တာခင်ခင်စိုး ဒီ WYNNLAND International co. ltd မန်းနေဂျင်းဒါရိုက်တာပေ့ါ သူက စင်္ကာပူက နေပြီးတော့ သူ GNC ဆိုတဲ့ ကမ္ဘာ့ နံပတ်တစ် အမေရိကန် အမှတ်တံဆိပ်ပေါ့။ အဲ့ဒါကို ရောင်းချခွင့်ရပြီ အဲ့တော့ ဒီမှာ ဖြန့်ကြ လုပ်ရအောင် ဆိုတော့ အဲ့ဒီကနေ စလာတာ။

ညီမလေးက ဟိုကနေပို့တယ် အန်တီက ဒီကနေ ဖြန့်တယ်ပေ့ါ။ ဖြန့်တဲ့အခါမှာ ဒီ Product အကြောင်းတွေပေ့ါ အန်တီကလည်း ဆရာဆိုတော့ သင်ယူချင်စိတ်ကလည်း ရှိတယ်ပေ့ါလေး။ အဲ့တော့ Product အကြောင်းတွေး သေသေချာချာကို လေ့လာတယ်။ လေ့လာပြီး ကိုယ့်ရဲ့ Product တွေပေ့ါ ပြည်သူပြည်သားတွေလဲသိအောင် နောက်ပြီးရင် ကိုယ့်ရဲ့ Market တွေမှာလည်း ရောင်းချခွင့်ရှိအောင် အန်တီ ကိုယ်တိုင် သွားတယ်။

မိမိနဲ့ အကျွမ်းတဝင် မရှိလှတဲ့ အလုပ်ပင်ဖြစ်ပေမဲ့လည်း အလုပ်တွေကို အခြေခံကစလို့ ကြိုးစားလေ့ လာသင်ယူရင်းနဲ့ အခက်အခဲတွေကြုံတွေ့ရတဲ့အခါမှာ စိတ်ထဲမှာ အမြဲတမ်းရှိနေတဲ့ ခံယူချက်တစ်ခု ကိုလည်း ပြောပြခဲ့ပါတယ်။

အခက်အခဲတွေရှိပါတယ် ဒါပေမဲ့ အန်တီ ဒီလုပ်ငန်းကို စလုပ်တော့ အန်တီ စိတ်ရင်းလေးတစ်ခုကို အမြဲတမ်းခေါင်းထဲမှာ စွဲထားတယ်ပေ့ါနော် ဘာလဲဆိုတော့ Winners are not the people who never fail but people who never quit အောင်မြင်တဲ့သူတိုင်းပေ့ါ မကျဆုံးဘူး ရယ်လို့မရှိဘူးပေ့ါ ဒါပေမဲ့ ဘယ်တော့မှ လက်မြောက်အရှုံးမပေးဘူး။ အဲ့ဒါလေးနဲ့ အန်တီစိတ်ဓာတ် မြင့်တင်ပါတယ်။ အခက်အခဲကတော့ တွေ့ခဲ့ရတယ်ပေ့ါ။

အခက်အခဲဆိုတာ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ နေရမဲ့ အရာဖြစ်ပါတယ်။ အောင်မြင်သူတိုင်းဟာ သူတို့တွေရဲ့ ဘဝမှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရပြီး ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားတာကြောင့် အောင်မြင်မှုကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဦးဆုံး GNC Shwe Room က ၂၀၁၁ မှာဖွင့်ခဲ့တယ် တက္ကသိုလ်ရပ်သာ လမ်းသစ် ဥယျာဉ်လမ်းသွယ်မှာပေ့ါ။ အန်တီတို့ရဲ့ အပြင်အဆင်ကတော့ တစ်ခြားနိုင်ငံမှာရှိတဲ့ GNC Show Room  ပုံစံတွေနဲ့ တူအောင်လုပ်ခဲ့တာ အဲ့ဒီက ပုံစံတွေအကုန်ပေ့ါ တူအောင်လုပ်ခဲ့တယ်။

အဲ့ဒီတုန်းကတော့ တစ်ခြားနိုင်ငံတွေမှာ ကျွန်းရောင်ပေ့ါ ဒါပေမဲ့နောက်နှစ်တွေကျတော့ သူက အရောင်ပြောင်းလိုက်တယ် အရောင်ပြောင်းလိုက်တော့ အဖြူရောင်ဖြစ်သွားတယ်။ စင်္ကာပူတို့ ဘာတို့မှာလည်း အဖြူရောင် တစ်ခြားနိုင်ငံတွေမှာလဲ အဖြူရောင်ဘဲ ဖြစ်သွားပြီ။

အန်တီတို့ စသွင်းတဲ့အချိန်မှာတော့ ဒါတွေက သိပ်ခေတ်မစားသေးဘူးလေ။ အစိမ်းသက်သက်ကြီးကို ဘာကြောင့်မို့လို့ အဲ့ဒီလမ်းကြောင်းကို ဖောက်ဖြစ်ခဲ့ရတာလဲ။

အဓိက ရည်ရွယ်ချက်ကတော့ ဒါတွေ GNC က Preventive Medicine ပေါ့ ရောဂါ ကာကွယ်တဲ့ အဟာရတွေပေ့ါ သူတွေဟာ အဟာရပြည့်ဝနေ ရင်ရောဂါဆိုတာ မဖြစ်ဘူး။ လူတွေကျန်းမာရောဂါကင်း ပြီးတော့ ကျန်းမာပိုင်ဆိုင်တဲ့ဘဝကို ရမယ်ဆိုရင် Preventive Medicine လေးကို သုံးစွဲရင် ရောဂါတွေ မရလာကြတော့ဘူးပေ့ါ။ အဲ့ဒီအတွက်ကို ရည်ရွယ်ပြီး အန်တီတို့က GNC Product တွေကို သွင်းဖြစ်တာ။ နောက်တစ်ခုက Brand ပေ့ါ အန်တီတို့ GNC က Worldwide Brand ပဲလေ US မှာလည်း ဒီ Top Brand တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အန်တီ Quality Brands ပေ့ါ ဒီ Branded ပစ္စည်းတွေကို သွင်းချင်တာနဲ့ အန်တီတို့ ဒီဟာကို ရွေးခဲ့တာပါ။

အန်တီ ဒီဆေးတွေ စဖြန့်တဲ့အချိန်တုန်းကပေ့ါနော် ဒီဆေးက Supplements လို့လည်း သိရတယ်ပေ့ါနော်။ Supplements  တွေကို မြန်မာလူမျိုးတွေက သုံးရမယ်လို့  မသိသေးတဲ့အချိန်မှာ အန်တီ ဘယ်လိုမျိုးအခက်အခဲတွေ ရင်ဆိုင်ခဲ့လဲ ဒါတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲ။

အန်တီ GNC ကို စစချင်းက GNC အဲ့ဒါသူတို့သည် Preventive Medicine  တွေပေ့ါ။ ဟို ယျေဘုယ ကတော့ အားဆေးတွေရှိမယ် မိုင်တင်ဗိုက်တာမင်(စီ) ပေ့ါ နောက်။ Heart ကိုသွားတဲ့  ဆေးတွေ။ ဦးနှောက်ဆိုလည်း ဦးနှောက်အတွက်  သွားတဲ့ Supplements ပေါ့။ အဲ့ဒီလိုမျိုး အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် ပစ်မှတ်ထားပြီး ထုတ်တဲ့ဆေးတွေပေါ့။

ကိုယ်တို့တွေ ခန္ဓာကိုယ်က စက်ရုံကြီးလေး  စက်ရုံကြီးဆိုတော့ သူတို့ကို Supplement ပေးတာပေ့ါ။ အဲ့ဒါတွေ Supplement သာ ပြည့်ဝနေလို့ရှိရင် ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်မှာဘဲလေ။ အဲ့ဒီတော့ Supplement တွေကို မှီဝှဲဖို့ လိုတယ်ဆိုတာကိုတော့ အန်တီတို့ အသိဉာဏ်တွေ အများကြီးပေးရတယ်။ နောက် ကြော်ငြာတွေထည့်တယ်၊ နောက်ဆောင်းပါးတွေပေ့ါ ဖော်ပြတယ်။

အန်တီ စဖြန့်ခဲ့အချိန်ကနေ ဘယ်ခုနှစ် ဘယ်နှစ်နှစ်လောက် ဒီဆေးတွေကို သိအောင် ဘယ်နှစ်နှစ်လောက် ကြိုးစားခဲ့ရသလဲ။

နှနှစ်လောက်အထိ တော်တော်လေး ထိုးဖောက်ခဲ့ရတယ်။ ဘာလဲဆိုတော့ သူက ဈေးလေးကလည်း တစ်ခုကတော့ ရှိနေတော့လေ လူတွေက ဈေးကြီးတယ် ဈေးကြီးတယ်ပေ့ါနော် ဒါပေမဲ့ အရည်အသွေးကို သိလာတဲ့အခါမှာတော့ တော်တော်များများကို လက်ခံလာကြပါတယ်။

နောက်အခု ကလည်း ပြည်ပ နိုင်ငံတွေ သွားကြပြီးလေ။ သွားကြတော့ GNC အမှတ်တံဆိပ်တွေကို သူတို့မြင်လာတာပေ့ါ။ စင်္ကာပူက ကျွန်းသေးသေးလေးဘဲလေး သေးသေး လေးမှာကို GNC ကောင်တာ သီးသန့်ပေါ့ တခြားဟာတွေနဲ့ တွဲမရောင်းဘူး ဆိုင် ၆၀ ကျော်သွားပြီး။ အဲ့လောက်ကို သူတို့ အောင်မြင်နိုင်တယ်ပေ့ါ။

ဒီလိုဆေးမျိုးတွေကို ဖြန့်တဲ့အခါမှာ မြန်မာလူမျိူး တွေက ဈေးကွက်ထဲမှာ အလားသဏ္ဍာန်တူတဲ့ ဈေးလည်း နည်းမယ်ပေ့ါနော် တစ်ခြားနိုင်ငံထဲက ဝင်တဲ့ ဆေးတွေလဲ ရှိကောင်းရှိပါမယ်။ ဆိုတော့ အဲ့ဒါမျိုး အပြိုင်အဆိုင်ရှိတဲ့အခါမှာ အန်တီ ဘယ်လိုမျိုး ဒီအန်တီရဲ့ဆေးကို ဈေးကွက်ထဲမှာ နေရာရဖို့ ကြီးစားခဲ့ရတယ် အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ကော ဘယ်အခက်အခဲတွေ ရှိခဲ့လဲ။

အဓိကတော့ အန်တီတို့ ဈေးကွက်ထဲမှာ ကုမ္ပဏီအားလုံး ရင်ဆိုင်နေရတာပါဘဲ။ လက်ဆွဲပေ့ါ ကုမ္ပဏီကနေ တိုက်ရိုက်သွင်းတာမဟုတ်ဘဲနဲ့ လက်ဆွဲအနေနဲ့ပေါ့။ ယူလာကြတဲ့ အရာတွေပေ့ါ။ အဲ့ဒါတွေတော့ ရှိနေတာပေ့ါလေ ဒါပေမဲ့ အန်တီတို့ ကုမ္ပဏီက ရောင်းချခွင့် ရထားတဲ့ အတွက်ကြောင့်မို့လို့ အန်တို့ကတော့ ဖြန့်ဖြူးလို့ ရတာပေ့ါ။ သူတို့အနေနဲ့ကတော့ လက်ဆွဲ အနေနဲ့ဆိုတော့ အရေအတွက် နည်းနည်းလေးနဲ့ဘဲ ဖြန့်နိုင်တာပေ့ါနော်။

Show Room တွေလဲ ငါးခုဖွင့်ထားပြီးပြီးဆိုတော့ ရှေ့ဆက်ပြီးတော့ ဘာတွေ ကြိုးစားဖို့ ကော အစီအစဉ်ရှိလဲ အန်တီဘဝမှာ ဘာတွေလုပ်ထားလဲ။

တစ်ခုရှင်းပြစရာရှိသေးတယ် အခု နောက်ဆုံးပေါ်ပေ့ါ ကမ္ဘာမှာလည်း တော်တော် နာမည်ကြီး လာပြီပေ့ါနော်။ သူကဘာလဲဆိုရင် Stem C ပေ့ါ Stem Cell ကို ခန္ဓာကိုယ်ထဲ ထည့်လို့ရှိရင် Cell တွေ အသက်ရှည်တယ်၊ နုပျိုတယ်ဆိုတာ သိလာကြတယ်။

ဒါကြတော့ အန်တီတို့ ဆီမှာ သောက်တာပေါ့။ နောက်မျက်နှာမှာလိမ်းတာ ပေါ်လာတာပေ့ါ ဘယ်က ထုတ်တာလဲဆိုလို့ရှိရင် Racehorse က ထုတ်တာ။ ပြိုင်မြင်းရဲ့ အချင်းက ထုတ်တာ။ အဲ့ဒီပြိုင်မြင်း ကိုဘဲ ဂျပန်တို့ ဟိုကိုင်းရိုးမှာ သေချာကို ထိန်းသိမ်းပြီး ထုတ်လုပ်ထားတယ်။

အခုလက်ရှိမှာ GNC Show Room အနေနဲ့ အန်တီ ငါးခုလောက်ဖွင့်ပြီး သွားတဲ့အချိန်မှာ အန်တီ လိုချင်တဲ့ အောင်မြင်မှုကို ရနေပြီးလို့ယူဆလား၊ အန်တီကိုယ် အန်တီကော ဘယ်လိုခေါ်မလဲ ကိုယ့်ကိုကို ကျေနပ်မှုရှိနေပြီလား။

ဟိုး လွန်ခဲ့တဲ့ လေးငါးနှစ်က စလာတဲ့ အန်ကြိုးစားတဲ့ ကာလတွေကြားထဲမှာ အန်တီတစ်ခု တော့ ရပြီးပေါ့။ ဒါပေမဲ့ ဒီထက် အောင်မြင်ချင်ပါသေးတယ်။ အများကြီးပေ့ါ GNC Show Room လေး တွေ ဖွင့်ချင်ပါ သေးတယ်။

ဘဝမှာအောင်မြင်ချင်တဲ့ လူတွေပေ့ါနော် လူငယ်တွေလဲ ရှိမယ် လူတန်းစားမျိုးစုံအတွက် အန်တီ အနေနဲ့ ဘယ်လိုမျိုးအားပေးချင်လဲ။

ကိုယ်လုပ်မဲ့အလုပ်ပေါ့ ကိုယ်ရွေးချယ်ထားတဲ့အလုပ်ပေ့ါ ယုံကြည်အောင် ယုံဖို့ ယုံကြည်မှုနဲ့ ယုံယုံကြည်ကြည်ထားပါ။ နောက်ပြီးလို့ရှိရင် အခု ခေတ်မီတိုးတက်တဲ့အလိုက်ပေ့ါ လေ့လာပြီးတော့ ပညာတွေသင်ယူပါလို့ အဲ့ဒါဆိုလို့ရှိရင် အောင်မြင်မှုတစ်ခုကိုတော့ ရပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly