မလေးရှားရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ခွင့် စာရွက်စာတမ်းများ လွှဲပြောင်းပေး

မလေးရှားရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ခွင့် စာရွက်စာတမ်းများ လွှဲပြောင်းပေး

စက်တင်ဘာ ၇ ရက် ။          ။ မလေးရှား-မြန်မာ အကြား နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ G to G အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှု အရမြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ် သမားများ၏ အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ လွဲှပြောင်းပေးသည့် အခမ်းအနားကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသည့် မလေးရှားနိုင်ငံရောက် အထောက် အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင်နေထိုင်အလုပ်လုပ်ခွင့် စာရွက် စာတမ်းများကို ကာယကံရှင် အလုပ်သမားများထံသို့ စက်တင်ဘာ ၃ ရက် က တိုက်ရိုက်လွဲှပြောင်းပေးအပ်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ Dato' Abdul Halim Bin Suleiman နှင့် မြန်မာနိုင်ငံ အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဦးသိန်းသန်း၊ မြန်မာသံရုံးကောင်စစ်ရေးရာ တာဝန်ခံ တတိယအတွင်းဝန် ဦးကျော်ကျော်ဝင်းတို့က မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်၍ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးဆောင် ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။

မလေးရှား-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ဆက်သွယ်ဆောင်ရွက်သည့် G to G အစီအစဉ်အရ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနက် ၂၆၃၃ ဦးအား Work Permit များ ထုတ်ပေးပြီးဖြစ်သည်။

မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၂၂၃၆ ဦးအတွက် တရားဝင်ဖြစ်ရေးဆောင်ရွက်နေဆဲဖြစ်ပြီး ထူးခြားလက္ခဏာ များ၊ လက်ဗွေ၊ အရပ်အမောင်း၊ အမှတ်အသားစသည့် Biometric Registration ပြုလုပ်ပြီးသူ ၄၈၆၉ ဦး စုစုပေါင်း ၉၇၃၈ ဦးအား မလေးရှားနိုင်ငံ၌ တရားဝင်နေထိုင်အလုပ်လုပ်ခွင့် ရရှိရေးဆောင်ရွက်နေသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

မလေးရှား၌ ဆက်လက်အလုပ်မလုပ်လိုသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာနိုင်ငံ သား စိစစ်မှန်ကန်သူ ၁၅၂၅၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်နေရပ် သို့ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံသား စိစစ်မှန်ကန်သူ ရွှေ့ပြောင်းအလုပ်သမား ၁ဝ၉၁၆ ဦးအား မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးပြီးဖြစ်သည်ဟု ဆိုသည်။

နှစ်နိုင်ငံအစိုးရ G to G အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် တရားဝင်မှတ်ပုံတင်ရေး၊ ဥပဒေအရအကြုံးဝင်ရေး၊ အထောက်အထားမဲ့မြန်မာများကို နေရပ်ရင်းပြန်ပို့ရေး အစီအစဉ်ကို ၂ဝ၁၄ ခုနှစ် ဧပြီ ၂၁ ရက်မှစ၍ ဆောင်ရွက်လျက် ရှိသည်။

အဆိုပါလုပ်ငန်းစဉ်များကို နှစ်နိုင်ငံသတ်မှတ် လုပ်ထုံးလုပ်နည်းဥပဒေများ ပြောင်းလဲမှုမရှိဘဲ အကောင်အထည်ဖော်နိုင်ရန် မြန်မာအစိုးရဘက်မှ Diamond Palace Services Co.,Ltd. နှင့် မလေးရှားအစိုးရဘက်မှ Bukti Megah Sdn Bhd တို့အား Executive Service Provider အဖြစ် တရားဝင်တာဝန်ပေး ဆောင်ရွက်နေသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly